အကြိတ်အနယ်ကစားကာ ဟံသာဝတီနှင့် ရတနာပုံတို့ နှစ်ဂိုးစီ သရေကျခဲ့

September 14, 2018

MPT Myanmar National League 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-21) ပွဲစဉ်တစ်ပွဲအဖြစ် စက်တင်ဘာ ၁၄ ရက်(ယနေ့) ညနေက Grand Royal ကွင်းတွင် ဟံသာဝတီအသင်းနှင့် ရတနာပုံအသင်းတို့ ကစားခဲ့ပြီး တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့သည်။

ပထမပိုင်း ပွဲချိန် ၂၃ မိနစ်တွင် ရတနာပုံအသင်းမှ ပင်နယ်တီရခဲ့ပြီး ရဲကိုဦးက အမှားအယွင်းမရှိ ကန်သွင်းခဲ့သည်။ ပထမပိုင်းပြီးခါနီး တစ်မိနစ်အလိုတွင် ဟံသာဝတီမှ ချေပဂိုးပြန်ရခဲ့ပြီး တိုက်စစ်မှူး ဂျိုးဇက်က သွင်းပေးခဲ့သည်။ ပထမပိုင်းအပြီးတွင် တစ်ဖက် တစ်ဂိုးစီ သရေကျခဲ့သည်။

ဒုတိယပိုင်း ၆၁ မိနစ်တွင် ရတနာပုံအသင်းမှ ၀င်းနိုင်စိုး၏ သွင်းဂိုးဖြင့် အိမ်ရှင်ဟံသာဝတီအသင်းကို ထပ်မံ ဦးဆောင်ကစားနိုင်ခဲ့ သည်။ သို့သော် ပွဲပြီးခါနီးတွင် ဟံသာဝတီအသင်းမှ ပင်နယ်တီရရှိခဲ့ပြီး တိုက်စစ်မှူး ဂျိုးဇက်က အမှားအယွင်းမရှိကန်သွင်းခဲ့သည့်အတွက် တစ်ဖက် နှစ်ဂိုးစီဖြင့် ပြီးဆုံးခဲ့ခြင်းဖြစ်သည်။