စည်သူအောင်ပြီးနောက် ဇော်မင်းထွန်းကို ထပ်မံခေါ်ယူခဲ့သည့် ထိုင်းကလပ် ချောင်ဘူရီအသင်း

December 5, 2018

ထိုင်းလိဂ် ၁ ကလပ် ချောင်ဘူရီအသင်းသည် မြန်မာ့လက်ရွေးစင်နှင့် ရန်ကုန်ယူနိုက်တက်အသင်း၏ နောက်ခံလူဟောင်း ဇော်မင်းထွန်းအား အပြီးသတ်ခေါ်ယူ စာချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

ဇော်မင်းထွန်းသည် ထိုင်းကလပ်အသင်းနှင့် ၁ နှစ် သက်တမ်းရှိ စာချုပ် ချုပ်ဆိုနိုင်ခဲ့ပြီး  ကျောနံပါတ် ၃ ဂျာစီကို ၀တ်ဆင်ကစားမည်ဖြစ်ကြောင်း ချောင်ဘူရီအသင်းက ထုတ်ပြန်သည်။

ချောင်ဘူရီအသင်းသည် ဇော်မင်းထွန်းမတိုင်မီ လက်ရွေးးစင် တောင်ပံကစားသမား စည်သူအောင်ကိုလည်း ရတနာပုံအသင်းထံမှ တစ်ရာသီ အငှားစာချုပ်ဖြင့် ခေါ်ယူထားပြီးဖြစ်သည်။

အေအက်ဖ်အက်ဖ်ဆူဇူကီးဖလားပြိုင်ပွဲတွင် မြန်မာအသင်းနှင့် အတူ ခြေစွမ်းပြ ကစားခဲ့သည့် ဇော်မင်းထွန်းအနေဖြင့် ချောင်ဘူရီအသင်း၌  လစာအပြင် နေစရာအိမ်၊ ကားနှင့် အခြားခံစားခွင့်များပါ  ရရှိမည်ဟု သိရသည်။