ပွဲပယ်ပြစ်ဒဏ်ကြောင့် ဧရာဝတီအသင်းနှင့်ပွဲအား လွဲချော်မည့် ရတနာပုံအသင်းခေါင်းဆောင် ရဲကိုဦး

June 27, 2019

[fsn_row][fsn_column width=”12″][fsn_text]

MPT Myanmar National League 2019 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-14) ပွဲစဉ်တစ်ပွဲဖြစ်သည့် ဧရာဝတီ ယူနိုက်တက်အသင်းနှင့် ရတနာပုံအသင်းတို့ပွဲစဉ်တွင် ရတနာပုံအသင်းခေါင်းဆောင် ရဲကိုဦး
သည် ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါဝင်နိုင်မည်မဟုတ်ပေ။

ရတနာပုံအသင်းခေါင်းဆောင် ရဲကိုဦးသည် ပြီးခဲ့သည့် စစ်ကိုင်းယူနိုက်တက်အသင်းနှင့်ပွဲတွင် အနီကတ်ဖြင့် ထုတ်ခံခဲ့ရသည့်အတွက် လာမည့် ဇွန် ၃၀ ရက်တွင် ကစားမည့် ဧရာဝတီအသင်းနှင့်ပွဲအား လွဲချော်ရခြင်းဖြစ် သည်။ ထို့ပြင် ရဲကိုဦးသည် စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ ပြစ်ဒဏ်ချမှတ်မှုအရ ငွေကျပ် ရှစ်သိန်းနှင့် ငါးပွဲပယ်ခံရပြီး ရတနာပုံအသင်းကစားရမည့် ဧရာဝတီယူနိုက်တက်၊ ရန်ကုန်ယူနိုက်တက်၊ မကွေးအက်ဖ်စီ၊ ဆောက်သမ်းမြန်မာ၊ ရခိုင်ယူနိုက်တက်စသည့် ပွဲစဉ်များအထိ ပါဝင်ကစားခွင့်ရရှိမည်မဟုတ်ပေ။

လာမည့် ဇွန် ၃၀ ရက်၊ ညနေ ၃း၃၀၊ ပုသိမ်ကျောက်တိုင်ကွင်းတွင် ကစားမည့် ဧရာဝတီယူနိုက်တက်အသင်းနှင့် ရတနာပုံအသင်းတို့ပွဲစဉ်ကို MRTV နှင့် MRTV-4 တို့မှ တိုက်ရိုက်ပြသမည်ဖြစ်ပြီး အဆိုပါပွဲစဉ်၏ပထမ အကျော့တွင် တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့သည်။ ပွဲစဉ် ၁၃ ကစားပြီးတွင် ဧရာဝတီအသင်းသည် ငါးပွဲ နိုင်၊ ခြောက်ပွဲ သရေ၊ နှစ်ပွဲ ရှုံး ရမှတ် ၂၁ မှတ်ဖြင့် အဆင့် ၅ နေရာတွင် ရပ်တည်နေပြီး ရတနာပုံအသင်းသည် ခြောက်ပွဲ နိုင်၊ သုံးပွဲ သရေ၊ လေး ပွဲ ရှုံး ရမှတ် ၂၁ မှတ်ဖြင့် အဆင့် ၆ နေရာတွင် ရပ်တည်နေသည်။

[/fsn_text][/fsn_column][/fsn_row]