ဇွန်လအတွက် တစ်လတာ အကောင်းဆုံး ကစားသမားဆုကို မြ၀တီအသင်းမှ ဘုန်းကျော်ဇင် ရရှိ

July 5, 2019

[fsn_row][fsn_column width=”12″][fsn_text]

MPT Myanmar National League II 2019 အမှတ်ပေးဘောလုံးပြိုင်ပွဲ၏ ဇွန်လအတွက် တစ်လတာ အကောင်းဆုံး ကစားသမားဆုကို မြ၀တီအသင်းတိုက်စစ်မှူး ဘုန်းကျော်ဇင်က ရရှိခဲ့သည်။


ဇွန်လအတွက် တစ်လတာ အကောင်းဆုံးကစားသမားဆုချီးမြှင့်ခြင်းကို ယနေ့ ညနေ ၃း၃၀ က စလင်းကွင်းတွင် ကစားခဲ့သည့် မြ၀တီအသင်းနှင့် ကချင်ယူနိုက်တက်အသင်းတို့ပွဲစဉ် မတိုင်မီတွင် ချီးမြှင့်ပေးခဲ့သည်။ တိုက်စစ်မှူး ဘုန်းကျော်ဇင်ကို ဆုငွေကျပ် တစ်သိန်းရရှိခဲ့ပြီး ဆုငွေကျပ် တစ်သိန်းကို MPT-KSGM Joint Operation DGM(Promotion Department) မှ မစ္စတာ ဆွန်ဘတ်က ချီးမြှင့်ပေးခဲ့သည်။

တိုက်စစ်မှူးဘုန်းကျော်ဇင်သည် မြ၀တီအသင်း၏ အားထားရသည့် တိုက်စစ်မှူး တစ်ဦးဖြစ်ပြီး ၁၀ ကစားထားပြီးတွင် အသင်းအတွက် ကိုးဂိုး သွင်းယူပေးထားသည်။

[/fsn_text][/fsn_column][/fsn_row]