မန္တလေးဇုန် ယူ – ၁၄ ဘောလုံးပြိုင်ပွဲတွင် ကျောက်ဆည်လူငယ်၊ မန္တလေး(က)နှင့် Social Welfare လူငယ်အသင်းတို့ အကြိုဗိုလ်လုပွဲတက်ရောက်

July 8, 2019

ကျင်းပလျက်ရှိသည့် MPT U 14 Football Tournament 2019 (မန္တလေး)ဇုန် ဘောလုံးပြိုင်ပွဲတွင် အုပ်စု(ဃ) မှ လွဲ၍ အခြားအုပ်စုများမှ အကြိုဗိုလ်လုပွဲတက်ရောက်ခွင့် ရရှိသည့် အသင်းများအဖြေ ထွက်ပေါ်လာခဲ့ပြီဖြစ်သည်။

ပြိုင်ပွဲတွင် ရာနှုန်းပြည့် နိုင်ပွဲများ ရယူနိုင်ခဲ့ကြသော အုပ်စု (က) မှ ကျောက်ဆည်လူငယ်အသင်း၊ အုပ်စု(ခ)မှ Social Welfare လူငယ်အသင်း၊ အုပ်စု(ဂ) မှ မန္တလေးလူငယ် (က) အသင်းတို့ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

အုပ်စု(ဃ)တွင်မူ ဇူလိုင်လ ၉ ရက်တွင် ယှဉ်ပြိုင်ကစားမည့် အုပ်စုနောက်ဆုံးပွဲစဉ်အထိ ဆက်လက်စောင့်ကြည့်သွားရမည်ဖြစ်သည်။

ယင်းအုပ်စုတွင် မိတ္ထီလာ(က)အသင်းက နှစ်ပွဲကစား၊ တစ်ပွဲနိုင်၊တစ်ပွဲသရေ ရမှတ် ၄ မှတ် ရရှိထားပြီး နောက်တစ်ဆင့် တက်ရောက်နိုင်ခွင့်အတွက် အလေးသာလျက်ရှိသည်။
သို့သော် သရေတစ်မှတ် ရရှိထားပြီး နောက်တစ်ဆင့်တက်ရောက်နိုင်ရေး မျှော်လင့်ချက် ရှိနေသေးသည့် မန္တလေ(ခ) အသင်းအနေဖြင့် လက်ကျန်ပွဲစဉ်အဖြစ် မြင်းခြံ(က)အသင်းနှင့် ယှဉ်ပြိုင်ကစားရန် ကျနှ်ရှိနေသည်။

အကြိုဗိုလ်လုပွဲအဆင့် ပွဲစဉ်များကို ဇူလိုင်လ ၁၁ ရက်တွင် မန္တလာသီရိအားကစားကွင်း၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး နံနက် ၈ နာရီအချိန်တွင် ကျောက်ဆည်လူငယ်အသင်းနှင့် မန္တလေးလူငယ်(က)အသင်း၊ ညနေ ၃ နာရီအချိန်တွင် Social Welfare လူငယ်အသင်းနှင့် အုပ်စု(ဃ) မှ တက်ရောက်လာမည့် အသင်းတို့ တွေ့ဆုံယှဉ်ပြိုင်သွားရမည်ဖြစ်သည်။