ဟိန်းသီဟဇော်၏ အချိန်ပိုမိနစ် သွင်းဂိုးဖြင့် ဟံသာဝတီကို အနိုင်ရခဲ့သည့် ရှမ်းယူနိုက်တက်အသင်း

July 14, 2019

[fsn_row][fsn_column width=”12″][fsn_text]

MPT Myanmar National League 2019 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-16) ပွဲစဉ်တစ်ပွဲဖြစ်သည့် ရှမ်းယူနိုက် တက်အသင်းနှင့် ဟံသာဝတီယူနိုက်တက်အသင်းတို့ ပွဲတွင် အိမ်ရှင်အသင်းမှ သုံးဂိုး နှစ်ဂိုးဖြင့်
အနိုင်ရခဲ့သည်။

ဟံသာဝတီအသင်းသည် ပွဲအစပိုင်းတွင် ရှမ်းယူနိုက်တက်အသင်း၏ တိုက်စစ်ဆင်မှုများကို အကောင်းဆုံးခုံခံကစားခဲ့ပြီး ပွဲချိန် ၈ မိနစ်တွင် ဦးဆောင်ဂိုးစတင်ရခဲ့သည်။ ဟံသာဝတီအသင်းအတွက် ဦးဆောင်ဂိုးကို ရွှေလှိုင်ဝင်းက သွင်းယူပေးခဲ့သည်။ ရှမ်းအသင်းသည် ဦးဆောင်ဂိုးပေးရသည့်အတွက် တိုက်စစ်မြှင့်ကစားခဲ့သော်လည်း ထိရောက်မှု မရှိခဲ့ပေ။ ပွဲချိန် ၄၀ မိနစ်တွင် ဟံသာဝတီအသင်းမှ ဦးဆောင်ဂိုးထပ်မံရခဲ့ပြီး ကွင်းလယ်လူ ပိုဒါက သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ပထမပိုင်းအပြီးတွင် ဟံသာဝတီအသင်းမှ နှစ်ဂိုး ဂိုးမရှိဖြင့်ဦးဆောင်ခဲ့သည်။

ဒုတိယပိုင်းပြန်လည်စတင်ပြီး သုံးမိနစ်အကြာတွင် ရှမ်းအသင်းမှ ပထမချေပဂိုး ရရှိခဲ့ပြီး ဟံသာဝတီအသင်း ဂိုးသမားကိုကိုနိုင်မှ ကိုယ့်ဂိုး ကိုယ်ပြန်လည်သွင်းယူမိခဲ့ခြင်းဖြစ်သည်။ ပွဲချိန် ၆၇ မိနစ်တွင် ရှမ်းအသင်း
မှ ပင်နယ်တီရရှိခဲ့ပြီး မက်ဆီမန်မှ အမှားယွင်းမရှိကန်ကာ ဒုတိယချေပဂိုး သွင်းယူပေးခဲ့သည်။ ရှမ်းယူနိုက်တက် အသင်းအတွက် အနိုင်ဂိုးကို ပွဲချိန် ၉၀+၃ မိနစ်တွင် ဟိန်းသီဟဇော်က သွင်းယူပေးခဲ့သည်။ ထို့
ကြောင့် ပွဲအပြီးတွင် အိမ်ရှင်အသင်းမှ သုံးဂိုး နှစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။

[/fsn_text][/fsn_column][/fsn_row]