MPT Myanmar National League (U-18) 2019 ပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနားကျင်းပ

July 25, 2019

[fsn_row][fsn_column width=”12″][fsn_text]

မြ၀တီအသင်းကို အနိုင်ယူကာ ချန်ပီယံဖြစ်ခဲ့သည့် ISPE

 MPT Myanmar National League (U-18) 2019 အမှတ်ပေးဘောလုံးပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနားကို ဇူလိုင် ၂၅ ရက်(ယနေ့) ညနေက ပဒုမ္မာကွင်းတွင် ကျင်းပခဲ့သည်။

ချန်ပီယံအဆုံးအဖြတ် အဖြေပေါ်မည့် နောက်ဆုံးပွဲစဉ်တွင် မြ၀တီအသင်းနှင့် ISPE အသင်းတို့ အကြိတ်အနယ်ကစားခဲ့ကြပြီး ISPE အသင်းမှ မြ၀တီအသင်းကို သုံးဂိုး ဂိုး မရှိဖြင့် အနိုင်ရကာ ချန်ပီယံဆုရရှခဲ့သည်။  ISPE အသင်းသည် ရမှတ် ၄၀ မှတ်ဖြင့် ပထမရရှိခဲ့ခြင်းဖြစ်ပြီး မြ၀တီအသင်းက ရမှတ် ၃၇ မှတ်ဖြင့် ဒုတိယရရှိခဲ့သည်။ တတိယ ဆုကို University အသင်းက ရမှတ် ၂၇ မှတ်ဖြင့် ရရှိခဲ့သည်။

ဘောလုံးပွဲအပြီးတွင် ဆုပေးပွဲအခမ်းအနား ဆက်လက်ကျင်းပခဲ့ပြီး ယူ-၁၈ အမှတ်ပေး ဘောလုံးပြိုင်ပွဲတွင် တတိယဆုကို Universtiy အသင်းမှ ရရှိခဲ့ပြီး တတိယဆုရခဲ့သည့် University အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့်အတူ ဆုငွေ ကျပ် ၂၅ သိန်းချီး မြှင့် ခဲ့ သည်။ တတိယဆုရ University အသင်းအတွက် တစ်ဦးချင်း ဆုတံဆိပ်များကို  မြ၀တီ အသင်းမှ အမှုဆောင်အရာရှိချုပ် ဦးမြတ်စိုး၊ My Sports မှ မန်နေးဂျင်း ဒါရိုက်တာ Mr.Clint က ချီးမြှင့်ပေးခဲ့သည်။ Universtiy အသင်းအတွက် ဆုကြေးငွေကျပ် ၂၅ သိန်း ကို မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိ ချုပ် ဦးစိုးမိုးကျော်မှ ချီးမြှင့်ပေး ခဲ့သည်။

ပြိုင်ပွဲတွင် ဒုတိယဆုကို  မြ၀တီအသင်းမှ ရရှိခဲ့ပြီး တစ်ဦးချင်း ဆုတံဆိပ်များနှင့်အတူ ဆု ငွေကျပ် သိန်း ၅၀ ချီးမြှင့်ခဲ့သည်။ ဒုတိယဆုရခဲ့သည့် မြ၀တီအသင်းအား တစ်ဦး ချင်းဆုတံဆိပ်များကို ရန်ကုန်တက္ကသိုလ် ဒုတိယပါမောက္ခချုပ်နှင့် တက္ကသိုလ်များ ဘောလုံး ဆပ်ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာသောင်းထိုက်၊ ရန်ကုန်အားကစား နှင့် ကာယပညာသိပ္ပံကျောင်းအုပ်ကြီး ဦးစိုးအောင်တို့မှ ချီးမြှင့်ပေးခဲ့သည်။ မြ၀တီ အသင်းအတွက် ဆုကြေးငွေကျပ် သိန်း ၅၀ ကို MPT JO Department General Manager ဦးကျော်သက်မှ ချီးမြှင့်ပေးခဲ့သည်။

ပြိုင်ပွဲတွင် ချန်ပီယံ(ပထမဆု)ကို  ISPE အသင်းမှ ရရှိခဲ့ပြီး တစ်ဦးချင်းဆုတံဆိပ်များ နှင့် အတူ ဆုငွေကျပ် သိန်း ၁၀၀ ချီးမြှင့်ခဲ့သည်။ ပထမရရှိခဲ့သည့် ISPE အသင်းအား တစ်ဦးချင်းဆုတံဆိပ်များကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်း နိုင်မြင့်၊ ချင်းယူနိုက်တက်အသင်းပိုင်ရှင်ဒေါ်တင့်တင့်လွင်တို့မှ ချီးမြှင့်ပေးခဲ့သည်။ ပထမရသည့် ISPE အသင်းအတွက် ဆုကြေးငွေ ကျပ် သိန်း ၁၀၀ ကို MPT JO, Marketing Director ဦးခင်မောင်မြင့်မှ ချီးမြှင့်ပေးခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် မြန်မာနေရှင်နယ်လိဂ်ကော်မတီ ဥက္ကဋ္ဌ ဦးဇော်ဇော်မှ ISPE အသင်းအား တံခွန်စိုက် ချန်ပီယံဆုဖလား ချီးမြှင့်ပေးခဲ့သည်။

[/fsn_text][/fsn_column][/fsn_row]