မြန်မာနေရှင်နယ်လိဂ် လက်ကျန်ပွဲ လေးပွဲစလုံး အနိုင်ယူလိုဟု ဆောက်သမ်းအသင်း နည်းပြ ပြော

August 3, 2019

[fsn_row][fsn_column width=”12″][fsn_text]

MPT Myanmar National League 2019 အမှတ်ပေးဘောလုံးပြိုင်ပွဲ ပြီးဆုံးရန် လက်ကျန် ပွဲစဉ် လေးပွဲသာ ကျန်ရှိနေပြီး လက်ကျန်လေးပွဲစလုံး အနိုင်ရလဒ်ရယူလိုသည်ဟု ဆောက်သမ်းမြန်မာအသင်းနည်းပြ ဦးကျော်မင်းက ပြောခဲ့သည်။
ဆောက်သမ်းအသင်းသည် သြဂုတ် ၄ ရက်၊ မော်လမြိုင်ကွင်းတွင် ဇွဲကပင်ယူနိုက်တက်အသင်း၊ သြဂုတ် ၁၁ ရက်၊ သုဝဏ္ဏကွင်းတွင် မကွေးအသင်း၊ သြဂုတ် ၁၇ ရက်၊ မော်လမြိုင်ကွင်းတွင် ရန်ကုန်ယူနိုက်တက်အသင်း၊ စက်တင်ဘာ ၁၅ ရက်၊ မော်လမြိုင်ကွင်းတွင် ဒဂုံအက်ဖ်စီအသင်းတို့နှင့် ကစားရမည်ဖြစ်သည်။ ‘ လက်ကျန်လေးပွဲမှာ အိမ်ကွင်းသုံးပွဲ၊ အဝေးကွင်းမှာ တစ်ပွဲ ကစားမယ်။ ရသလောက်အမှတ်ယူမယ်။ ကြိုးစားကစားမယ်။ ကျွန်တော့်အနေနဲ့ လက်ကျန်လေးပွဲစလုံး နိုင်ချင်တယ်။ ဘောလုံးဆိုတာ ဘာမဆိုဖြစ်နိုင်တဲ့အတွက် ပွဲသိမ်းခရာမှုတ်မှ သိမယ်။ ကျွန်တော့်အနေနဲ့ တော့ လေးပွဲစလုံးကို အနိုင်ယူမယ်။ တစ်ပွဲချင်းပြင်ဆင်ပြီး ကြိုးစားမယ်’ဟု ဆောက်သမ်းအသင်း နည်းပြ ဦးကျော်မင်းမှ ပြောခဲ့သည်။
လက်ရှိတွင် ဆောက်သမ်းအသင်းသည် ၁၈ ပွဲကစားပြီးချိန်၌ လေးပွဲနိုင်၊ လေးပွဲ သရေ၊ ၁၀ ပွဲ ရှုံး ရမှတ် ၁၆ မှတ်ဖြင့် အဆင့် ၁၀ နေရာတွင် ရပ်တည်နေပြီး တန်းဆင်းဇုန်အတွင်းမှ ဒဂုံအသင်းနှင့် ရမှတ် နှစ်မှတ်
သာ ကွာဟသည့်အတွက် တန်းဆင်းဇုန် အန္တရာယ်ရှိနေသည်။

[/fsn_text][/fsn_column][/fsn_row]