ဇွဲကပင်ယူနိုက်တက်အသင်း နောက်ခံလူ သိန်းတန် ပွဲပယ်ပြစ်ဒဏ်ကြောင့် ရှမ်းယူနိုက်တက်အသင်းနှင့်ပွဲ လွဲချော်မည်

August 7, 2019

[fsn_row][fsn_column width=”12″][fsn_text]

MPT Myanmar National League 2019 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-20) ပွဲစဉ်အဖြစ် ဇွဲကပင်ယူနိုက်တက် အသင်းသည် အဝေးကွင်းတွင် ရှမ်းယူနိုက်တက်အသင်းနှင့် သွားရောက်ကစားရမည်ဖြစ်ပြီးအဆိုပါပွဲအသင်း နောက်ခံလူ သိန်းတန် ပွဲပယ် ပြစ်ဒဏ်ကြောင့် လွဲချော်မည်ဖြစ်သည်။

ဇွဲကပင်ယူနိုက်တက်အသင်းတွင် ကျောနံပါတ် ၂၅ ၀တ်ဆင်ကစားနေသည့် နောက်ခံလူ သိန်းတန်သည် ဇွဲကပင်အသင်းကစားပြီးခဲ့သည့် ပွဲစဉ် ၁၉ ပွဲတွင် ၁၇ ပွဲထိ ပွဲထွက် ကစားခွင့်ရရှိထားသည့် ကစားသမားတစ်ဦးဖြစ်သည်။
သိန်းတန်သည် အ၀ါကတ် သုံးဝါ ပြည့်ခဲ့သည့်အတွက် ရှမ်းယူနိုက်တက်အသင်းနှင့်ပွဲအား လွဲချော်ရခြင်းဖြစ်သည်။ ဇွဲကပင်ယူနိုက်တက်အသင်းအတွက် ၁၇ပွဲထိ ပွဲထွက်ကစားခွင့်ရရှိထားသည့် သိန်းတန်သည် လက်ရှိတွင်လည်း အသင်းအတွက် သွင်းဂိုး သုံးဂိုးသွင်းယူပေးထားသည့် ကစားသမားတစ်ဦးဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်းနှင့် ဇွဲကပင်ယူနိုက်တက်အသင်းတို့သည် လာမည့် သြဂုတ် ၁၁ ရက်၊ တောင်ကြီးကွင်းတွင် ယှဉ်ပြိုင်ကစားမည်
ဖြစ်ပြီး အဆိုပါပွဲစဉ်အား Mizzima TV မှ တိုက်ရိုက်ပြသမည်ဖြစ်သည်။ ဇွဲကပင်အသင်းနှင့် ရှမ်းယူနိုက် တက်အသင်းတို့၏ ပထမအကျော့ တွေ့ဆုံမှုတွင် ရှမ်းယူနိုက်တက်အသင်းမှ လေးဂိုး ဂိုးမရှိဖြင့် အနိုင်ရထား
သည်။

လက်ရှိတွင် ဇွဲကပင်အသင်းသည် လေးပွဲ နိုင်၊ ခြောက်ပွဲ သရေ၊ ကိုးပွဲ ရှုံး ရမှတ် ၁၈ မှတ်ဖြင့် အဆင့် ၁၀ နေရာတွင် ရပ်တည်နေပြီး ရှမ်းယူနိုက်တက်အသင်းသည် ကိုးပွဲ နိုင်၊ ၁၀ ပွဲ သရေ ၊ ရှုံးပွဲမရှိရမှတ် ၃၇ မှတ်ဖြင့် အဆင့် ၂ နေရာတွင် ရပ်တည်နေသည်။

[/fsn_text][/fsn_column][/fsn_row]