၂၀၁၉ ခုႏွစ္ MPT လူငယ္ေဘာလုံးပြဲေတာ္ႏွင့္ MPT အသက္(၁၄)ႏွစ္ေအာက္ ေဘာလုံးၿပိဳင္ပြဲ (ေမာ္လၿမိဳင္ဇုန္) ဖြင့္ပြဲအခမ္းအနားက်င္းပ

September 25, 2019

[fsn_row][fsn_column width=”12″][fsn_text]

၂၀၁၉ ခုႏွစ္ MPT လူငယ္ေဘာလုံးပြဲေတာ္ႏွင့္ MPT အသက္(၁၄)ႏွစ္ေအာက္ ေဘာလုံးၿပိဳင္ပြဲ (ေမာ္လၿမိဳင္ဇုန္) ဖြင့္ပြဲအခမ္းအနားကို စက္တင္ဘာ ၂၅ ရက္(ယေန႔) ညေန ၃း၃၀ က ေမာ္လၿမိဳင္ေဘာလုံးကြင္းတြင္ က်င္းပခဲ့သည္။

ဖြင့္ပြဲအခမ္းအနားသုိ႔ မြန္ျပည္နယ္အစုိးရအဖြဲ႔ လုံၿခဳံေရးႏွင့္နယ္စပ္ေရးရာ၀န္ႀကီး ဗုိလ္မွဴး ႀကီး ေနထြဋ္ဦး၊ ျမန္မာႏုိင္ငံေဘာလုံးအဖြဲ႔ခ်ဳပ္ တြဲဖက္အေထြေထြအတြင္းေရးမွဴး ဦးတင္ ျမင့္ေအာင္၊ MPT – KSGM Joint Operation မွ CSR Advisor, ဦးခင္ေမာင္သက္၊ Myanmar Brewery Limited မွ CSV Director ေဒၚေမစံပယ္၀င္း၊ အားကစားႏွင့္ ကာယပညာဦးစီးဌာနမွ တာ၀န္ရွိသူမ်ား၊ ပညာေရး၀န္ႀကီးဌာနမွ တာ၀န္ရွိသူမ်ား၊ ဖိတ္ၾကားထားေသာ ဧည့္သည္ေတာ္ မ်ားတက္ေရာက္ခဲ့ၾကသည္။

ေရွးဦးစြာ အခမ္းအနားတြင္ မြန္ျပည္နယ္အစုိးရအဖြဲ႔ လုံၿခဳံေရးႏွင့္နယ္စပ္ေရးရာ၀န္ႀကီး ဗုိလ္မွဴး ႀကီး ေနထြဋ္ဦးမွ အဖြင့္အမွာစကားေျပာၾကားခဲ့ၿပီးေနာက္ ျမန္မာႏုိင္ငံ ေဘာလုံး အဖြဲ႔ခ်ဳပ္ တြဲဖက္အေထြေထြ အတြင္းေရးမွဴး ဦးတင္ျမင့္ေအာင္မွ လူငယ္ေဘာလုံးပြဲေတာ္ ႏွင့္ အသက္-၁၄ ႏွစ္ေအာက္ လူငယ္ေဘာလုံးၿပိဳင္ပြဲမ်ားႏွင့္ ပတ္သက္၍ ရွင္းလင္းေျပာ ၾကားခဲ့သည္။ ထုိ႔ေနာက္ လူငယ္ေဘာလုံးပြဲေတာ္ႏွင့္ လူငယ္ေဘာလုံးၿပိဳင္ပြဲမ်ား ျဖစ္ ေျမာက္ရန္ အဓိက ပံ့ပုိးကူညီခဲ့သည့္ MPT – KSGM Joint Operation မွ CSR Advisor, ဦးခင္ေမာင္သက္ႏွင့္ Myanmar Brewery Limited မွ CSV Director ေဒၚေမစံပယ္၀င္းတုိ႔ကလည္း ပံ့ပုိးကူညီမႈႏွင့္ပတ္သက္၍ ရွင္းလင္းေျပာၾကားခဲ့သည္။

အခမ္းအနားအစီအစဥ္အရ ၂၀၁၉ ခုႏွစ္ MPT လူငယ္ေဘာလုံးပြဲေတာ္ႏွင့္ MPT အသက္(၁၄)ႏွစ္ေအာက္ ေဘာလုံးၿပိဳင္ပြဲ (ေမာ္လၿမိဳင္ဇုန္)အား တာ၀န္ရွိသူမ်ားႏွင့္ ဧည့္သည္ေတာ္ႀကီးမ်ားက ကြင္းအတြင္းေဘာလုံးမ်ား ကန္သြင္းကာ ၿပိဳင္ပြဲကို စတင္ ဖြင့္လွစ္ေပးခဲ့သည္။ ၿပိဳင္ပြဲကို အဓိကပံ့ပိုးေပးသည့္ MPT မွ မြန္ျပည္နယ္အတြင္း ရွိ ၿမိဳ႔နယ္မ်ားႏွင့္ အေျခခံပညာေက်ာင္းမ်ားတြင္ အသုံးျပဳရန္ ေဘာလုံး ၂၅၀ ကို မြန္ျပည္ နယ္အစုိးရအဖြဲ႔သုိ႔ ေပးအပ္လွဴဒါန္းခဲ့သလုိ အဓိက ပံ့ပုိးေပးသူျဖစ္သည့္ Myanmar Care မွလည္း ေဘာလုံး ၁၀၀ ေပးအပ္လွဴဒါန္းခဲ့သည္။ ထုိ႔ေနာက္ ၂၀၁၉ ခုႏွစ္ MPT လူငယ္ေဘာလုံးပြဲေတာ္ႏွင့္ MPT အသက္(၁၄)ႏွစ္ေအာက္ ေဘာလုံးၿပိဳင္ပြဲ (ေမာ္လ ၿမိဳင္ဇုန္)တြင္ ပါ၀င္ဆင္ႏြဲမည့္ ေက်ာင္းသားကေလးသူငယ္မ်ားႏွင့္အတူ စုေပါင္း မွတ္တမ္းတင္ဓာတ္ပုံရုိက္ကူးၿပီး ဖြင့္ပြဲအခမ္းအနားအား ေအာင္ျမင္စြာ က်င္းပဖြင့္ လွစ္ ခဲ့သည္။

MPT အသက္(၁၄)ႏွစ္ေအာက္ ေဘာလုံးၿပိဳင္ပြဲ (ေမာ္လၿမိဳင္ဇုန္)ၿပိဳင္ပြဲတြင္ စုစုေပါင္း အသင္း ၁၂ သင္းသည္ ေလးအုပ္စုခြဲကာ ယွဥ္ၿပိဳင္ကစားမည္ျဖစ္ၿပီး ၿပိဳင္ပြဲကို  စက္တင္ ဘာ ၂၆ ရက္မွ ေအာက္တုိဘာ ၄ ရက္ထိ ေမာ္လၿမိဳင္ေဘာလုံးကြင္းတြင္ က်င္းပမည္ ျဖစ္သည္။

၂၀၁၉ ခုနှစ် MPT လူငယ်ဘောလုံးပွဲတော်နှင့် MPT အသက်(၁၄)နှစ်အောက် ဘောလုံးပြိုင်ပွဲ (မော်လမြိုင်ဇုန်) ဖွင့်ပွဲအခမ်းအနားကျင်းပ

၂၀၁၉ ခုနှစ် MPT လူငယ်ဘောလုံးပွဲတော်နှင့် MPT အသက်(၁၄)နှစ်အောက် ဘောလုံးပြိုင်ပွဲ (မော်လမြိုင်ဇုန်) ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၂၅ ရက်(ယနေ့) ညနေ ၃း၃၀ က မော်လမြိုင်ဘောလုံးကွင်းတွင် ကျင်းပခဲ့သည်။

ဖွင့်ပွဲအခမ်းအနားသို့ မွန်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူး ကြီး နေထွဋ်ဦး၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင် မြင့်အောင်၊ MPT – KSGM Joint Operation မှ CSR Advisor, ဦးခင်မောင်သက်၊ Myanmar Brewery Limited မှ CSV Director ဒေါ်မေစံပယ်ဝင်း၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော် များတက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ အခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူး ကြီး နေထွဋ်ဦးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးတင်မြင့်အောင်မှ လူငယ်ဘောလုံးပွဲတော် နှင့် အသက်-၁၄ နှစ်အောက် လူငယ်ဘောလုံးပြိုင်ပွဲများနှင့် ပတ်သက်၍ ရှင်းလင်းပြော ကြားခဲ့သည်။ ထို့နောက် လူငယ်ဘောလုံးပွဲတော်နှင့် လူငယ်ဘောလုံးပြိုင်ပွဲများ ဖြစ် မြောက်ရန် အဓိက ပံ့ပိုးကူညီခဲ့သည့် MPT – KSGM Joint Operation မှ CSR Advisor, ဦးခင်မောင်သက်နှင့် Myanmar Brewery Limited မှ CSV Director ဒေါ်မေစံပယ်ဝင်းတို့ကလည်း ပံ့ပိုးကူညီမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

အခမ်းအနားအစီအစဉ်အရ ၂၀၁၉ ခုနှစ် MPT လူငယ်ဘောလုံးပွဲတော်နှင့် MPT အသက်(၁၄)နှစ်အောက် ဘောလုံးပြိုင်ပွဲ (မော်လမြိုင်ဇုန်)အား တာဝန်ရှိသူများနှင့် ဧည့်သည်တော်ကြီးများက ကွင်းအတွင်းဘောလုံးများ ကန်သွင်းကာ ပြိုင်ပွဲကို စတင် ဖွင့်လှစ်ပေးခဲ့သည်။ ပြိုင်ပွဲကို အဓိကပံ့ပိုးပေးသည့် MPT မှ မွန်ပြည်နယ်အတွင်း ရှိ မြို့နယ်များနှင့် အခြေခံပညာကျောင်းများတွင် အသုံးပြုရန် ဘောလုံး ၂၅၀ ကို မွန်ပြည် နယ်အစိုးရအဖွဲ့သို့ ပေးအပ်လှူဒါန်းခဲ့သလို အဓိက ပံ့ပိုးပေးသူဖြစ်သည့် Myanmar Care မှလည်း ဘောလုံး ၁၀၀ ပေးအပ်လှူဒါန်းခဲ့သည်။ ထို့နောက် ၂၀၁၉ ခုနှစ် MPT လူငယ်ဘောလုံးပွဲတော်နှင့် MPT အသက်(၁၄)နှစ်အောက် ဘောလုံးပြိုင်ပွဲ (မော်လ မြိုင်ဇုန်)တွင် ပါဝင်ဆင်နွဲမည့် ကျောင်းသားကလေးသူငယ်များနှင့်အတူ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးပြီး ဖွင့်ပွဲအခမ်းအနားအား အောင်မြင်စွာ ကျင်းပဖွင့် လှစ် ခဲ့သည်။

MPT အသက်(၁၄)နှစ်အောက် ဘောလုံးပြိုင်ပွဲ (မော်လမြိုင်ဇုန်)ပြိုင်ပွဲတွင် စုစုပေါင်း အသင်း ၁၂ သင်းသည် လေးအုပ်စုခွဲကာ ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ပြိုင်ပွဲကို စက်တင် ဘာ ၂၆ ရက်မှ အောက်တိုဘာ ၄ ရက်ထိ မော်လမြိုင်ဘောလုံးကွင်းတွင် ကျင်းပမည် ဖြစ်သည်။

[/fsn_text][/fsn_column][/fsn_row]