ကောင်းမြတ်ကျော်၏ သွင်းဂိုးဖြင့် အိမ်ရှင်အသင်းကို အနိုင်ရခဲ့သည့် ရခိုင်ယူနိုက်တက်

January 18, 2020

MPT Myanmar National League 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲကို ယနေ့ ညနေ ၃း၃၀ အချိန် မော်လမြိုင်ဘောလုံး ကွင်းကြီးထဲ ယှဥ်ပြိုင်ကစားရာ ရခိုင်ယူနိုက်တက် အသင်း ၁-၀ဖြင့် ဆောက်သမ်းမြန်မာ အသင်း ကို အနိုင်ရရှိခဲ့သည်။


အဆိုပါ ပွဲစဥ်တွင်နှစ်သင်းလုံးမှပြိုင်ဆိုင်မှုပြင်းထန်ခဲ့ပြီး အကြိတ်အနယ် ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့သည်။ ယခုပွဲအတွက် တစ်လုံးတည်းသော သွင်းဂိုးကို ပထမပိုင်း၂၁ မိနစ် ကတည်းက ရခိုင်ယူနိုက်တက် ကစားသမား ကောင်းမြတ်ကျော်က သွင်းယူပေးခဲ့ြခင်း ြဖစ်သည်။

ဆောက်သမ်းမြန်မာ အသင်းအနေဖြင့်မူ ယခုပွဲ ရှုံးနိမ့်ခဲ့သောကြောင့် အိမ်ကွင်း ၂ ပွဲဆက် ရှုံးနိမ့်ခြင်း ဖြစ်လာခဲ့သည်။ ဆောက်သမ်းမြန်မာ အသင်းသည် လာမည့် ပွဲစဉ် ၃ တွင် မကွေးအသင်းကို အိမ်ကွင်း၌ပင် ဆက်လက် လက်ခံကစားရမည် ဖြစ်သည်။