ပရိသတ်မျှော်တဲ့ MPT Myanmar National League 2020 ပြိုင်ပွဲတွေ ဒီနေ့ ပြန်စပြီ

August 21, 2020

ထွန်းထွန်းဦး (လှိုင်)

ဒီနေ့မှာ ဆိုရင် ပရိသတ်တွေမျှော်တဲ့ MPT Myanmar National League 2020 ရဲ့အမှတ်ပေး ဘောလုံးပြိုင်ပွဲတွေ ပြန်လည်ပြီး စတင်ကစားကြတော့မှာဖြစ်တယ်။
ဟုတ်ပါတယ်။ ဒီနေ့ ပွဲစဉ် ၁၀ မှာကစားမယ့်ပွဲတွေကတော့ ရှမ်းယူနိုက်တက်နဲ့ ဆောက်သမ်းမြန်မာ၊ မကွေးနဲ့ ရန်ကုန်ယူနိုက်တက်ပွဲစဉ်တွေကို ကစားဖို့ရှိနေပါတယ်။ မနက်ဖြန်မှာ ဆိုရင်လည်း ရတနာပုံနဲ့ ISPE ၊ ဧရာဝတီယူနိုက်တက်နဲ့ ရခိုင်ယူနိုက်တက် တို့ယှဉ်ပြိုင်ကြဦး မယ့်ပွဲတွေကျန်ရှိနေပါသေးတယ်။ ဇယားထိပ်ဆုံးရောက်ရေးအတွက် ကြိုးစားနေကြတဲ့အသင်း တွေနဲ့ ရပ်တည်မှုတွေအရ အမှတ်လိုအပ်နေတဲ့ အသင်းတွေရဲ့ ယှဉ်ပြိုင် အားစိုက်မှုများဟာ ယခုတစ်ပတ်မှ စတင်ပြီး ပရိသတ်များအဖို့ တစ်ကယ့်ကို စောင့်ကြည့်ချင်စရာဖြစ်ရစေတယ်။


ကိုဗစ်ကာလမှာ ယှဉ်ပြိုင် ကစားကြမယ့် ပွဲစဉ်တွေဖြစ်တာ ကြောင့် သတ်မှတ်ထားတဲ့ ကျန်းမာ ရေး လမ်းညွှန်ချက် စည်းကမ်းများ အတိုင်း ပြိုင်ပွဲဝင် အသင်းတိုင်းဟာ အကောင်းဆုံး ယှဉ်ပြိုင် ကစားကြ မှာဖြစ်တယ်ဆိုတာ သေချာနေတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် MNL အမှတ်ပေးဘောလုံးပြိုင်ပွဲတွေကို ရပ်နားထားရတဲ့အချိန်ဟာ အတိုင်း အတာ တစ်ခုအထိ ကြာမြင့်ခဲ့ရတယ်ဆိုပေမယ့်လည်း ပြိုင်ပွဲတွေ ပြန်လည်ကျင်းပခွင့်ရ ပြီဆို တဲ့ အချိန်မှာတော့ လက်ရှိယှဉ်ပြိုင်နေတဲ့ ပြိုင်ပွဲဝင်အသင်းတိုင်းဟာ MOHS နဲ့ MNL မှ တာဝန်ရှိသူများရဲ့ ကျန်းမာရေး လမ်းညွှန် ချက် စည်း ကမ်းများအောက်မှာ စနစ်တကျ နေထိုင်ရင်း အကောင်းဆုံးဆိုတာထက် ပိုအောင် ရတဲ့အချိန်တွေ မှာ လေ့ကျင့်ရေး အပြည့်အဝယူပြီး လက်ကျန်ပြိုင်ပွဲတွေကို ယှဉ်ပြိုင်ဖြတ်သန်းဖို့ အားအင်တွေ လည်းပြည့် နေကြပြီဖြစ်တယ်။


ပြီးတော့ ကိုဗစ်ကာလမှာ နားခွင့်အပြည့်ရထားလိုက်တဲ့အတွက်ကြောင့် အသင်းအချို့အဖို့ ထိခိုက်ဒဏ်ရာရ အဓိက ကစားသမားတွေကို အနားကောင်းကောင်း ပေးလိုက်နိုင်သလို အခုအချိန်မှာ ဒဏ်ရာပြန်သက်လာကာအသင်းနဲ့ ပြန်လည်ပူးပေါင်းနိုင်ပြီဖြစ်လို့ မိခင်ကလပ် အသင်း အသီးသီးအတွက် လူအင်အား ပြန်တောင့်တင်းသွားတယ် ဆိုတာတွေ့ရမယ်။ အချို့အသင်း တွေအတွက် ကျတော့လည်း အသင်းလိုက်စုစည်းမှု နဲ့ ကစားအားတက်နေတဲ့ ပုံစံကောင်းတွေဟာ ကိုဗစ်ကြောင့် ပွဲနားချိန်ကြာတဲ့ အခါ အရင် လိုအချိတ်အဆက် မိမိနဲ့ကစားနိုင်ခဲ့တဲ့ ပုံစံမျိုး ၊ မဆုတ်မနစ် စိတ်ဓါတ် ခွန်အားမျိုး ပြန်ပြည့်နိုင်ပါ့ မလား ဆိုတာ စိတ်ဝင်စားမိပြန်တယ်။ ပုံစံကောင်းမမိသေးတဲ့အသင်းတွေ၊ ရလဒ်ကောင်းမယူနိုင်သေး တဲ့ အသင်းတွေ အတွက်လည်း ကိုဗစ်ကြောင့် အနားရထားတဲ့ကာလ တစ်ခုလွန်မြောက်ချိန်မှာ ပုံစံကောင်းပြန်ဖော်ဆောင် နိုင်မလားဆိုတာ ပရိသတ်တွေကြားထဲမှာ အသံတွေထွက်နေ တယ်။


အဲ့ဒါအပြင် ကစားသမား အသစ်တွေကိုခေါ်ယူထားကာ အသင်းရဲ့ အင်အားကိုဖြည့်တင်း ထား ကြတဲ့အသင်းတွေ ရှိနေသလို အချို့ကလပ်တွေကြည့်တော့လည်း အပြောင်းအလဲမရှိ ဒီ အတိုင်း ရပ်တည်နေကာ ခရီးဆက်ဖို့ပြင်ဆင်နေတဲ့အသင်းတွေလည်းရှိနေခဲ့တာတွေ့ရမှာပါအပြောင်းအရွှေ့ ကာလအတွင်း ကစားသမားသစ် ခေါ်ယူမှုကိုကြည့်ရင် အခုတစ်လောမှာ နိုင်ငံခြားသားကစားသမားတွေထက် ပြည်တွင်းဖြစ် ဘောလုံးသမားတွေကို ခေါ်ယူထားကြတဲ့ အနေအထားကိုသာ တွေ့ရမှာဖြစ်တယ်။


လူသစ်တွေ အချိန်တိုအတွင်း အသင်းနဲ့အထိုင်ကျပြီး လက်ကျန်ရာသီ အမှတ်ပေးပြိုင်ပွဲ တွေမှာ အသင်းကို ဘယ်လောက် အထိများ ပေးဆပ်ပံ့ပိုးပေးနိုင်မလဲဆိုတာ ရန်နိုင်ဦးတို့လို ကျော်မင်းသန်းတို့လို ကစားသမား တွေ အပြင် အခြား အသင်းသစ်အသီးသီးမှာ အထိုင်ချမယ့် သူတွေ အနေနဲ့ပွဲထွက်ခွင့်ပေါ်မူ တည်ပြီး သူတို့ရဲ့ခြေစွမ်းတွေကို အကဲခတ်ရပါလိမ့်ဦးမယ်။
ပြီးတော့ ကျန်ပါသေးတယ်။ ဒါကတော့ အိမ်ကွင်းအားသာချက်ဆိုတာပါပဲ။ အိမ်ကွင်း အားသာ ချက်ကို ထိထိမိမိယူပြီး ကစားတတ်ကြတဲ့အသင်းတွေအတွက် ရန်ကုန်မြေမှာ ကိုဗစ်ကာ လအတွင်းယှဉ်ပြိုင်ရမယ့် လက်ကျန်ပြိုင်ပွဲတွေကို အမှတ်ပြည့်ရစေဖို့ အတွက် အကောင်းဆုံး ရယူနိုင်မလားဆိုတာ ဒီနေ့မှစပြီး ကြည့်ရပါလိမ့်ဦးမယ်။


အိမ်ကွင်းမှာ ပြိုင်ဘက်ကို ဖိအားကောင်းကောင်းပေးကာ အနိုင်ရအောင်လို့ ကစားတတ်တဲ့ ဧရာဝတီ၊ ဟံသာဝတီ ၊ရခိုင်၊ စစ်ကိုင်း၊ ရတနာပုံ တို့အပြင် ပြိုင်ဘက်တွေကစားရခက်တဲ့ ISPE နဲ့ ဆောက်သမ်း မြန်မာတို့လိုအသင်းတွေ အတွက် အိမ်ကွင်း အားသာချက်မရှိပဲနဲ့ သုဝဏ္ဏကွင်း နဲ့ Y.U.F.C ကွင်းတို့အပြင် ပဒုမ္မာကွင်း တွေမှာ ကစားဖို့အတွက် အဆင်ပြေနိုင်ပါ့မလား ဆိုတာပါပဲ။ ပြောမယ့်သာပြောတာပါ။ အဆိုပါ ကွင်း ၃ ကွင်းထဲမှာ ပဒုမ္မာကွင်းကလွဲရင် ကျန်တဲ့ ၂ ကွင်းဟာ ကစားသမားတွေအတွက် အထူး တလည် ဆန်းသစ်နေတဲ့ ကွင်းတွေတော့ မဟုတ်ပါဘူး၊ နှစ်စဉ် ကစားဖူးနေကျ ကွင်းတွေဖြစ် နေတာကြောင့် အခက်အခဲ သိပ်ရှိလှမယ်မထင်မိဘူး။ ( ပဒုမ္မာကွင်းတောင် အောင်ဆန်းဒိုင်းပွဲတွေကစားရင် ဒီအသင်းတွေလာရောက် ယှဉ်ပြိုင်နေသေး တာပဲမဟုတ်လားခင်ဗျာ။ ဒီတော့ ပရော်ဖက်ရှင်နယ် ကစားသမားတွေအတွက် ကွင်းကြောင် တယ်၊ ကွင်းစိမ်းတယ်ဆိုတာမရှိသလောက်ပါပဲ။ ရှိလာလည်း နောက်ဆို အသား တကျဖြစ် လာနိုင်ဖို့ရှိနေမှာပါ။ )


ရှမ်းယူနိုက်တက်ကလွဲရင် ရန်ကုန်ယူနိုက်တက်၊ မကွေးနဲ့ အတွက်တော့ သုဝဏ္ဏကွင်း နဲ့ Y.U.F.C ကွင်း တို့မှာ ကစားရ တာ ဟာ အခက်အခဲရှိမယ်မထင်မိဘူး။ ကိုယ့်မြေကိုယ် ကွင်းလိုမျိုး ကစားနေ ခဲ့ရတာ ဖြစ်လို့ ပါပဲ။ ရှမ်းယူနိုက်တက်ကလည်း ဒီရာသီအစောပိုင်းမှာ ရာသီဝက်အထိ အဝေးကွင်း ပွဲစဉ်တွေနဲ့သာယှဉ်ပြိုင်ဖို့ရှိနေခဲ့တာကြောင့် ရန်ကုန်မြေမှာကစား ရမယ့် လက်ကျန်ပွဲစဉ်တွေဟာ သူတို့တွေအတွက် အခက်အခဲကြီးကြီးမားမားမရှိနိုင်ပြန်ပါဘူး။

လူသစ်တွေ အချိန်တိုအတွင်း အသင်းနဲ့အထိုင်ကျပြီး လက်ကျန်ရာသီ အမှတ်ပေးပြိုင်ပွဲ တွေမှာ အသင်းကို ဘယ်လောက် အထိများ ပေးဆပ်ပံ့ပိုးပေးနိုင်မလဲဆိုတာ ရန်နိုင်ဦးတို့လို ကျော်မင်းသန်းတို့လို ကစားသမား တွေ အပြင် အခြား အသင်းသစ်အသီးသီးမှာ အထိုင်ချမယ့် သူတွေ အနေနဲ့ပွဲထွက်ခွင့်ပေါ်မူ တည်ပြီး သူတို့ရဲ့ခြေစွမ်းတွေကို အကဲခတ်ရပါလိမ့်ဦးမယ်


ပြောရမယ်ဆိုရင် ဒီနေ့မှစပြီး ရာသီသိမ်းတဲ့အထိ ရန်ကုန်မြေ၊ ရန်ကွင်းမှာ သတ်မှတ်ပေးထားတဲ့တိုင်း ကစားရမှာဖြစ်လို့ ပြိုင်ပွဲဝင်အသင်းတွေမှာရှိတဲ့ ကစားသမား တွေ အတွက် အဆင်ပြေ မယ်ထင်တယ်။ ဒါပေမယ့် လောလောဆယ်တော့ ပွဲဆက်ပြတ်နေတဲ့ အတွက်ကြောင့် မမြင်နိုင်တဲ့အရာတွေ နဲ့ အနည်းငယ် အသားကျဖို့ ခက်နိုင်သေး တယ်လို့မြင် မိတယ်။
ပရိသတ်လည်းမပါတော့ အဲ့ဒီအပိုင်းက နည်းနည်းလေး စကားပြော လိမ့်မယ်ထင်တယ်။ အချို့အသင်းတွေက အိမ်ကွင်း အားသာချက်တွေအပြင် ကွင်းထဲအထိ အူလှိုက်သဲလှိုက် လာရောက်ပြီး အားပေးတဲ့ ပရိသတ်တွေနဲ့အတူ နိုင်ပွဲ ကို ဆာလောင်စွာ ကစားတတ် တဲ့ အတွက်ကြောင့်ပဲဖြစ်တယ်။ ဒီတော့ ပရိသတ်မပါပဲနဲ့ ကစားတဲ့အခါမှာ ဘာတွေဖြစ်လာဦး မလဲ။ အစပိုင်းမှာ အူကြောင်ကြောင်နိုင်တာမျိုး ရှိပေမယ့် နောက်ပိုင်းမှာတော့ နေသားကျသွား ကြမှာပါ။ ခြေစမ်းပွဲတွေ ယှဉ်ပြိုင်ကစားသလိုမျိုး ဖီလင်ထက်တော့ ပိုနေမှာပါ။ ဟုတ်ပါတယ်။ ပရိသတ်မပါပဲနဲ့ ကစားရမယ့်ပွဲတွေကတော့ အသင်းတွေ အတွက်ရော၊ ကစားသမားတွေ အတွက်ပါ တစ်ကယ့်ကို အတွေ့အကြုံအသစ်ဖြစ်နေလိမ့်မယ်။ ကိုဗစ် ကာလမှာ ကစားရမှာဖြစ် လို့ ကျန်းမာရေးလမ်းညွှန်ချက်တွေအောက်မှာ ယှဉ်ပြိုင်မှုတွေဟာ တစ်နည်း တစ်ဖုံ တော့ ဆန်းသစ်နေကြမှာပါ။


ပြီးတော့ တစ်ပါတည်းပြောဖြစ်တာက ကျန်းမာရေးလမ်းညွှန်ချက်များနဲ့ အညီ မကြာခင် ကျင်းပပြုလုပ်သွားဖို့ရှိနေတဲ့ မြန်မာနေရှင်နယ်လိဂ်ဘောလုံးပြိုင်ပွဲမှာ အသုံးပြုသွားဖို့ရှိနေတဲ့ ဖီဖာဥပဒေအသစ်များ ဖြစ်ပါတယ်။ ကလပ်အသင်းတိုင်းကို သိရှိစေဖို့ အတွက် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်ဒိုင်ဌာနမှ တာဝန်ရှိသူများက ရှင်းလင်း ပြောကြား အသိပေးခဲ့ပြီးဖြစ်တာကိုတွေ့ရပါတယ်။ ဒီတော့ ဖီဖာဥပဒေအသစ်များနဲ့ နည်းပြတွေ အပြင် ကစားသမားတွေ ကြားမှာလည်း အချိန်တို အတွင်း ဒါကို အသားကျဖို့လိုပါ လိမ့်မယ်။ ဒါမှလည်း ပြိုင်ပွဲတစ်ခုမှာ တာဝန်ယူကြီးကြပ်မယ့် ဒိုင်လူကြီး များနဲ့ဘောလုံးအသင်းတွေကြားမှာ မလိုအပ်တဲ့ နားလည်မှု လွဲမှားတာမျိုး မဖြစ်စေဖို့ရှိပါလိမ့် မယ်လို့မျှော်လင့်မိနေတယ်။


အဲ့ဒါအပြင် ပြိုင်ပွဲဝင် အသင်းများရဲ့ အရန်အင်အားတောင့်တင်းမှု အပိုင်းကိုလည်းပြော ချင်ပါ သေးတယ်။ အဲ့ဒီအချက်က လက်ကျန်ပွဲတွေကို ယှဉ်ပြိုင်ကြမယ့် အသင်းတိုင်းအတွက် လုံးဝ ထည့်ပြော ဖြစ်တဲ့ အဓိကအချက်တွေထဲက တစ်ခုဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ တစ်ပတ်မှာ ၂ ပွဲနှုန်း နဲ့ ဆက်တိုက်ဆိုသလို ကစားရမယ့် အချိန် မှာ ဒါကြီးကလည်း တိတိပပနဲ့ကို စကား ပြောပါလိမ့်မယ်။


ဒီကာလမှာ ပွဲကစားချိန် လူစားလဲလှယ်ခွင့်ကလည်း ၅ ဦးအထိ ရထားတာဆို တော့ ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒီအပေါ်မှာ မူတည်ပြီးတော့ ရလဒ်အပြောင်းအလဲတွေ၊ ရပ်တည်မှု အပြောင်းအလဲတွေက အားသာချက်တွေအဖြစ် ရှိနေနိုင်သေးတယ်ဆိုတာ မြင်ကြ၊ တွေ့ကြရ ပါလိမ့်ဦးမယ်။
အထူးသဖြင့် ချန်ပီယံပြေးလမ်းပေါ်မှာ မေးတင်နေတဲ့အသင်းတွေပါ၊ ပွဲစဉ်ရေးဆွဲထားမှုအနေ အထားအရ အကြိတ်အနယ်ဖြစ်စေအောင် ရှိနေတာကြောင့် အမှတ်မကွာတဲ့အသင်းတွေအဖို့ ပြိုင်ပွဲကာလမှာ အမှားတွေ မလုပ်မိကြရေးဟာ သိပ်အရေးကြီးနေတယ်။ ပြီးတော့ အချိန်တို အတွင်း မှာ ကစားရမယ့် ပွဲစဉ်တွေကို အနိုင်နဲ့ ဖြတ်ကျော်ဖို့ အတွက် ယှဉ်ပြိုင်ကစားကြ မယ့်ပွဲတွေမှာ နည်းပြချုပ်တွေ ရဲ့ နည်းစနစ်၊ဗျူဟာနဲ့ ကစားသမားအခင်းအကျင်းစတဲ့ အားပြိုင်မှုဟာ လည်း ပရိသတ်တွေ အတွက် သီးသန့် ဆန်ဆန်ကြည့်ရမယ့် အနေအထား ဖြစ်နေစေတယ်။
ပရိသတ်တွေအတွက်တော့ ကွင်းထဲအထိ လာရောက် အားပေးနိုင်တာမျိုးမရှိပေမယ့် အွန်လိုင်းနဲ့ရုပ်သံလိုင်းတွေကနေပြီး ကြည့်ရှုအားပေးခွင့်ရမှာဖြစ်လို့ ကွင်းထဲရောက်နေ သလိုမျိုး ဘောလုံးပွဲတွေကို အချိန်နဲ့ တပြေးညီ တိုက်ရိုက် Live ကြည့်ရှုနိုင်စေဖို့ MNL မှ တာဝန်ရှိသူများက ပရိသတ်တွေအတွက် အကောင်းဆုံး လုပ်ဆောင်ပေးထားပါတယ်။


ရပ်တည်မှု အမှတ်ပေးဇယားကြည့်တော့လည်း တစ်သင်းနဲ့တစ်သင်းက ရမှတ်ချင်း ကွာဟမှု သိပ်မရှိတာကြောင့် ပွဲဆက်တွေ၊ ပွဲကျပ်တွေ ယှဉ်ပြိုင်ရမယ့်ကာလမှာ ခြေလှမ်း တစ်လှမ်းလေးတောင်မှ အမှားခံလို့မရပါဘူး။ တစ်ပွဲမှားတာနဲ့တစ်ပွဲဆိုသလို သိသာနိုင် တဲ့အနေအထားမျိုးဆိုတော့ ရေကုန် ရေခမ်းနဲ့ ရည်ရွယ်ရာ ရပ်တည်မှုအသီးသီးအတွက် ယှဉ်ပြိုင်ရမယ့်ပွဲတိုင်းဟာ စိန်ခေါ်မှုတွေ တော်တော်လေးကို ပြင်းထန်နေတယ်လို့ဆိုရမယ်။ ဟုတ်ပါတယ်။ ချန်ပီယံပြေးလမ်းကလည်း ဘာမဆိုဖြစ်လာနိုင်တဲ့ အခိုက်အတန့်ဖြစ်နေသေး တာကြောင့် ဒီနေ့မှာ ပြန်လည်စတင်မယ့် MPT မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံး ပြိုင်ပွဲတွေဟာ တာလွှတ်ပြီဆိုတာနဲ့ တစ်ကယ့်ကို ရင်ခုန်စရာ အခိုက် အတန့်ပေါင်းများ စွာအောက်မှာ ပရိသတ်တွေ ကို တစ်မျိုးတစ်ဖုံနဲ့ ရသအစုံစုံပေးကာ ဖမ်းစားထားလို့ နေကြောင်းပါခင်ဗျာ။