Myanmar National League 2024-25 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-15) ပွဲစဉ် တစ်ပွဲ အဖြစ် ဇန်နဝါရီ ၁၂ ရက်(ယနေ့)၊ ညနေက သုဝဏ္ဏကွင်း၌ ရတနာပုံအသင်းနှင့် ဟံသာဝတီယူနိုက်တက်အသင်းတို့ ကစားခဲ့ကြပြီး ယင်းပွဲတွင် AYA Pay Man of The Match အကောင်းဆုံးကစားသမားဆုကို ဟံသာဝတီယူနိုက်တက် တိုက်စစ်မှူး အောင်မြတ်သူက ရခဲ့ သည်။
ရတနာပုံအသင်းနှင့် ဟံသာဝတီယူနိုက်တက်အသင်းတို့ ပွဲတွင် ဟံသာဝတီယူနိုက်တက် အသင်းက နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ယင်းပွဲတွင် ဟံသာဝတီယူနိုက်တက် တိုက်စစ်မှူး အောင်မြတ်သူ(ကျောနံပါတ် ၁၉)သည် ခြေစွမ်းပြနိုင်ခဲ့သည့်အပြင် အသင်းအတွက် သွင်းဂိုး တစ်ဂိုးကိုလည်း သွင်းယူပေးခဲ့သည့် အတွက် AYA Pay မှ ချီးမြှင့်သည့် AYA Pay Man of the Match အကောင်းဆုံး ကစားသမားဆုကို ရရှိ ခဲ့ခြင်းဖြစ်သည်။
အောင်မြတ်သူသည် အကောင်းဆုံးကစားသမား ဆုတံဆိပ်နှင့်အတူ ဆုငွေကျပ် သုံးသိန်း ရ ရှိခဲ့ပြီး ဆုတံဆိပ်နှင့် ဆုငွေကျပ်တို့ကို မြန်မာနေရှင်နယ်လိဂ် အမှုဆောင် အရာရှိချုပ် ဦးစိုးမိုးကျော်က ချီးမြှင့်ပေးခဲ့သည်။
Man of the Match အကောင်းဆုံးကစားသမားဆု ချီးမြှင့်ခြင်း အစီအစဉ်ကို မြန်မာ နေရှင်နယ်လိဂ်၏ Payment Partner ဖြစ်သည့် AYA Pay မှ အဓိက ပံ့ပိုးကူညီပေးထား ခြင်းဖြစ်သည်။
