Myanmar National League 2024-25 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-16) ပွဲစဉ် တစ်ပွဲ အဖြစ် ဇန်နဝါရီ ၁၈ ရက်(ယနေ့)၊ ညနေက သုဝဏ္ဏကွင်း၌ ရခိုင်ယူနိုက်တက် အသင်းနှင့် ရတနာပုံအသင်းတို့ ကစားခဲ့ကြပြီး ယင်းပွဲတွင် AYA Pay Man of The Match အကောင်းဆုံးကစားသမားဆုကို ရတနာပုံအသင်း ကွင်းလယ်လူ မိုးဆွေ က ရရှိခဲ့သည်။
ရခိုင်ယူနိုက်တက်အသင်းနှင့် ရတနာပုံအသင်းတို့ ပွဲတွင် ရတနာပုံအသင်းက လေးဂိုး နှစ်ဂိုးဂိုးဖြင့် အနိုင်ရခဲ့သည်။ ယင်းပွဲတွင် ရတနာပုံအသင်း ကွင်းလယ်လူ မိုးဆွေ (ကျောနံပါတ် ၁၁)သည် အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့သည့်အတွက် AYA Pay မှ ချီးမြှင့် သည့် AYA Pay Man of the Match အကောင်းဆုံး ကစားသမားဆုကို ရရှိ ခဲ့ခြင်းဖြစ်သည်။
မိုးဆွေသည် အကောင်းဆုံးကစားသမား ဆုတံဆိပ်နှင့်အတူ ဆုငွေကျပ် သုံးသိန်း ရ ရှိခဲ့ပြီး ဆုတံဆိပ်နှင့် ဆုငွေကျပ်တို့ကို ပြိုင်ပွဲကြီးကြပ် ဦးဘုန်းညွန့်ကိုက ချီးမြှင့်ပေး ခဲ့သည်။
Man of the Match အကောင်းဆုံးကစားသမားဆု ချီးမြှင့်ခြင်း အစီအစဉ်ကို မြန်မာ နေရှင်နယ်လိဂ်၏ Payment Partner ဖြစ်သည့် AYA Pay မှ အဓိက ပံ့ပိုးကူညီပေးထား ခြင်းဖြစ်သည်။
