ISPE အသင်းထံမှ တစ်မှတ်ခွဲယူနိုင်ခဲ့သည့် မြဝတီအသင်း

January 20, 2025

ယနေ့ ညနေက သုဝဏ္ဏကွင်း၌ ကစားခဲ့သည့် ISPE အသင်းနှင့် မြဝတီအသင်းတို့ပွဲစဉ်သည် ဂိုးမရှိ သရေဖြင့် ပြီးဆုံးခဲ့သည်။
ယနေ့ပွဲစဉ်တွင် မြဝတီ အသင်းသည် ISPE အသင်းဘက်သို့ အကောင်းဆုံးတုံ့ပြန်ကစားနိုင်ခဲ့ပြီး ဂိုးရရှိမည့် အခွင့်အရေးများလည်း ရခဲ့သည်။ အလားတူ ISPE အသင်း သည်လည်း ဂိုးရနိုင်မည့် အခွင့်အရေးများ ရခဲ့သော်လည်း ဂိုးအဖြစ် မပြောင်းနိုင်သည့်အတွက် ဂိုးမရှိသရေကျခဲ့ခြင်း ဖြစ်သည်။
မြဝတီအသင်းသည် နည်းပြချုပ်အသစ် ဦးမင်းကြည် ပထမဆုံးကိုင်တွယ်ခဲ့သည့်ပွဲ၌ပင် သရေတစ်မှတ် ရရှိခဲ့ခြင်းဖြစ်သည်။