နှစ်ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့သည့် ISPE အသင်း

January 25, 2025

ယနေ့ ညနေက YUSC ကွင်း၌ ကစားခဲ့သည့် မဟာယူနိုက်တက်အသင်းနှင့် ISPE အသင်းတို့ပွဲတွင် မဟာယူနိုက်တက်အသင်းက ၂-၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။

ပြီးခဲ့သည့် တစ်ပတ်တွင် ရှုံးပွဲတွေ့ထားသည့် မဟာယူနိုက်တက်အသင်းသည် ယခုတစ်ပတ်တွင် နိုင်ပွဲပြန်လည်ရခဲ့ပြီး ISPE အသင်းသည် နှစ်ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးခဲ့သည်။

မဟာယူနိုက်တက်အသင်းအတွက် ဂိုးများကို ပွဲချိန် ၄ မိနစ်တွင် စိုးလင်းအောင်(OG)၊ ပွဲချိန် ၇၈ မိနစ်တွင် ကျော်စွာမင်းတို့က သွင်းယူ‌ပေးခဲ့ပြီး ISPE အသင်းအတွက် ချေပဂိုးကို ပွဲချိန် ၆၁ မိနစ်တွင် သန်းတိုးအောင်က သွင်းယူပေးခဲ့သည်။