ယနေ့ ညနေက သုဝဏ္ဏကွင်း၌ ကစားခဲ့သည့် သစ္စာအားမာန်အသင်းနှင့် ဒဂုံစတားယူနိုက်တက်တို့ပွဲတွင် ဒဂုံစတားယူနိုက်တက် အသင်းက နှစ်ဂိုးတစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။

ယနေ့ပွဲစဉ် ပထမပိုင်းတွင် နှစ်သင်းစလုံးသည် ဂိုးရနိုင်မည့် အခွင့်အရေး ကိုယ်စီရခဲ့သော်လည်း မဆုံးသတ် မသေချာမှုများကြောင့် ပထမပိုင်းအပြီးတွင် ဂိုးမရှိ သရေကျခဲ့သည်။

ဒုတိယပိုင်း ပွဲချိန် ၅၅ မိနစ်တွင် ဒဂုံစတားယူနိုက်တက်မှ ဦးဆောင်ဂိုးရခဲ့ပြီး တိုက်စစ်မှူး စွမ်းထက်ကသွင်းယူပေးခဲ့သည်။ မိနစ် ၈၀ တွင် သစ္စာအားမာန်အသင်းမှ ချေပဂိုး ပြန်လည်ရခဲ့ပြီး စောမျိုးဇော်က သွင်းပေးခဲ့သည်။ နှစ်မိနစ်အကြာတွင် ဒဂုံသတားယူနိုက်တက်မှ ဦးဆောင်ဂိုး ထပ်မံရခဲ့ပြီး အသင်းခေါင်းဆောင် ဆောင်လမန်က သွင်းပေးခဲ့သည်။ ပွဲအပြီးတွင် ဒဂုံစတားယူနိုက်တက်က နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။
ယနေ့ပွဲတွင် အနိုင်ရသည့် ဒဂုံစတားယူနိုက်တက်အသင်းသည် လာမည့် ဖေဖော်ဝါရီ ၁ ရက်၊ သုဝဏ္ဏကွင်းတွင် ရှမ်းယူနိုက်တက်အသင်းနှင့် ဆက်လက်ကစားရမည်ဖြစ်ပြီး သစ္စာအားမာန်အသင်းသည် ဖေဖော်ဝါရီ ၃ ရက် ၊ YUSC ကွင်းတွင် ဟံသာဝတီယူနိုက်တက်အသင်းနှင့် ကစားရမည်ဖြစ်သည်။
