Week-17 အပြီး ဂိုးသွင်းအများဆုံးကစားသမားဖြစ်လာည့် ရန်ကုန်ယူနိုက်တက်တိုက်စစ်မှူး ရန်ကျော်ထွေး

January 29, 2025

Myanmar National League 2024-25 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-17) အပြီး ဂိုးသွင်းအများဆုံးကစားသမားစာရင်းဖြစ်ပါသည်။ ဂိုးသွင်းအများဆုံး ကစားသမားစာရင်း အဆင့် ၁ တွင် ရန်ကုန်ယူနိုက်တက် တိုက်စစ်မှူးရန်ကျော်ထွေးက သွင်းဂိုး ၁၂ ဂိုးဖြင့် ဦးဆောင်နေပြီး အဆင့် ၂ နေရာတွင် ဒဂုံပေါ့တိုက်စစ်မှူး မိုဂူက သွင်းဂိုး ၁၁ ဂိုးဖြင့် ရပ်တည်နေသည်။


ဂိုးသွင်းအများဆုံး အဆင့် ၃ ၊ ၄ နေရာများတွင် မဟာယူနိုက်တက်အသင်းတိုက်စစ်မှူး ပက်ထရစ်နှင့် ဒဂုံစတားယူနိုက်တက် တိုက်စစ်မှူး ဆောင်လမန်တို့က သွင်းဂိုး ၁၀ ဂိုးစီဖြင့် ရပ်တည်နေကြပြီး အဆင့် ၅၊ ၆ နေရာများတွင် ဟံသာဝတီယူနိုက်တက် တိုက်စစ်မှူး အောင်မြတ်သူနှင့် ISPE တိုက်စစ်မှူး သိန်းဇော်သီဟတို့က သွင်းဂိုး ကိုးဂိုးစီဖြင့် အသီးသီးရပ်တည်နေကြသည်။