နှစ်ဂိုးသွင်းသည့် ဧရာဝတီယူနိုက်တက်တိုက်စစ်မှူး AYA Pay အကောင်းဆုံးဆု ရရှိ

February 4, 2025

Myanmar National League 2024-25 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-18) ပွဲစဉ် တစ်ပွဲ အဖြစ် ဖေဖော်ဝါရီ ၂ ရက်(ယနေ့)၊ ညနေက သုဝဏ္ဏကွင်း၌ ဒဂုံပေါ့အသင်းနှင့် ဧရာဝတီယူနိုက်တက်အသင်းတို့ ကစားခဲ့ကြပြီး ယင်းပွဲတွင် AYA Pay Man of The Match အကောင်းဆုံးကစားသမားဆုကို ဧရာဝတီယူနိုက်တက်တိုက်စစ်မှူး ညီညီအောင် က ရရှိခဲ့သည်။

ဒဂုံပေါ့အသင်းနှင့် ဧရာဝတီယူနိုက်တက်အသင်းတို့ပွဲတွင် ဧရာဝတီယူနိုက်တက် အသင်း က လေးဂိုး နှစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ တိုက်စစ်မှူး ညီညီအောင်(ကျောနံပါတ်-၇)သည် ယနေ့ပွဲတွင် ခြေပေါ်ခဲ့ပြီး အသင်းအတွက် ဂိုးနှစ်ဂိုးကိုလည်း သွင်းယူပေးခဲ့သည့် အတွက် AYA Pay မှ ချီးမြှင့်သည့် AYA Pay Man of the Match အကောင်းဆုံး ကစား သမားဆုကို ရရှိ ခဲ့ခြင်းဖြစ်သည်။

ညီညီအောင်သည် အကောင်းဆုံးကစားသမားဆုတံဆိပ်နှင့်အတူ ဆုငွေကျပ် သုံးသိန်း ရရှိခဲ့ပြီး ဆုတံဆိပ်နှင့် ဆုငွေကျပ်တို့ကို ဒဂုံပေါ့အသင်း အမှုဆောင်အရာရှိချုပ် ဦးဌေးလှိုင် က ချီးမြှင့်ပေးခဲ့သည်။

Man of the Match အကောင်းဆုံးကစားသမားဆု ချီးမြှင့်ခြင်းအစီအစဉ်ကို မြန်မာ နေရှင်နယ်လိဂ်၏ Payment Partner ဖြစ်သည့် AYA Pay မှ အဓိက ပံ့ပိုးကူညီပေးထား ခြင်းဖြစ်သည်။