ယခုတစ်ပတ်တွင် ကစားခဲ့သည့် Myanmar National League 2024-25 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-18) ပွဲစဉ်များတွင် ရန်ကုန်ယူနိုက်တက်၊ ဧရာဝတီယူနိုက်တက်၊ မဟာယူနိုက်တက်နှင့် သစ္စာအားမာန်အသင်းတို့ နိုင်ပွဲကိုယ်စီ ရခဲ့ကြသည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် မြဝတီအသင်းကို လေးဂိုးတစ်ဂိုးဖြင့်လည်းကောင်း၊ ဧရာဝတီယူနိုက်တက်အသင်းသည် ဒဂုံပေါ့အသင်းကို လေးဂိုး နှစ်ဂိုးဖြင့်လည်းကောင်း၊ မဟာယူနိုက်တက်အသင်းသည် ရတနာပုံအသင်းကို နှစ်ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ သစ္စာအားမာန်အသင်းသည် ဟံသာဝတီယူနိုက်တက်အသင်းကို တစ်ဂိုး ဂိုးမရှိဖြင့်လည်းကောင်း အသီးသီး အနိုင်ရခဲ့ကြပြီး ရခိုင်ယူနိုက်တက်အသင်းနှင့် ISPE အသင်း၊ ဒဂုံစတားယူနိုက်တက်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ပွဲစဉ်များသည် ဂိုးမရှိ သရေကျခဲ့သည်။

Myanmar National League 2024-25
(Week-18)
Rakhine Utd 0 – 0 ISPE
Myawady 1- 4 Yangon United
Aee Soe 7′
Yan Kyaw Htwe 32′(P)
Thar Yar Win Htet 57′
Kaung Si Thu 84′
Naing Zin Htet 88′(P) (Myawady)
Dagon Star UTD 0-0 Shan UTD
Dagon Port 2-4 Ayeyawady Utd
Kaung Myat Kyaw – 30′(Dagon Port)
Mbah Kengne Guy Michel – 48’ (Dagon Port)
Nyi Nyi Aung – 32′,43′ (Ayeyawady Utd)
Chan Nyein – 66′ (Ayeyawady Utd)
Aung Pyae Phyo – 90+1′ (Ayeyawady Utd)
Thitsar Arman 1 – 0 Hantharwady Utd
Saw Myo Zaw (62′)(Pen)
Mahar Utd 2-0 Yadanarbon
Edubat Patrick – 16′, 59′
