သစ္စာအားမာန်ကို အနိုင်ယူကာ ဒုတိယမြောက် နိုင်ပွဲရခဲ့သည့် ရခိုင်ယူနိုက်တက်

February 11, 2025

ယနေ့ညနေက သုဝဏ္ဏကွင်း၌ ကစားခဲ့သည့် သစ္စာအားမာန်အသင်းနှင့် ရခိုင်ယူနိုက်တက်တို့ပွဲတွင် ရခိုင်ယူနိုက်တက်အသင်းက သုံးဂိုးတစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။

ရခိုင်ယူနိုက်တက်အသင်းသည် ယနေ့ပွဲတွင် ပွဲပယ်ပြစ်ဒဏ်နှင့် ဒဏ်ရာကြောင့် အဓိက ကစားသမားအများစု မပါနိုင်သော်လည်း ရလဒ်ကောင်းရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်။

ရခိုင်ယူနိုက်တက်အသင်းသည် ယနေ့ နိုင်ပွဲကြောင့် ရမှတ် ၁၀ မှတ်ဖြင့် အဆင့် ၁၁ တွင် ဆက်လက်ရပ်တည်ခဲ့သည်။

ယနေ့ပွဲတွင် ရှုံးခဲ့သည့် သစ္စာအားမာန်အသင်းသည် ဧရာဝတီယူနိုက်တက်အသင်းနှင့် ရမှတ်တူ ဂိုးကွာခြားချက်ကြောင့် အဆင့် ၉ နေရာတွင် ရပ်တည်နေသည်။