ယနေ့ ညနေက သုဝဏ္ဏကွင်း၌ ကစားခဲ့သည့် ဒဂုံစတားယူနိုက်တက်အသင်းနှင့် မဟာ ယူနိုက်တက်အသင်းတို့ ပွဲစဉ်တွင် မဟာယူနိုက်တက်အသင်းက တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။

ယနေ့ပွဲစဉ်၏ ပထမပိုင်း အစပိုင်းမိနစ်များတွင် မဟာယူနိုက်တက်အသင်းမှ ဂိုးရရှိမည့် အခွင့်အရေးများ ရခဲ့သော်လည်း ဂိုးအဖြစ် မပြောင်းနိုင်ခဲ့ပေ။ ဒဂုံစတားယူနိုက်တက် အသင်းသည် ပထမပိုင်းပြီးခါနီးတွင် ဂိုးရနိုင်မည့်အခွင့်အရေးများ ရခဲ့သော်လည်း မဟာ ယူနိုက်တက်အသင်း နည်းတူ ဂိုးအဖြစ် မပြောင်းနိုင်ခဲ့သည့်အတွက် ပထမပိုင်းအပြီးတွင် ဂိုးမရှိ သရေကျခဲ့သည်။
ဒုတိယပိုင်း ပွဲချိန် ၆၈ မိနစ်တွင် မဟာယူနိုက်တက်အသင်းမှ ပင်နယ်တီရခဲ့ပြီး ယင်း ပင်နယ်တီကို အာကာကျော်က ကန်သွင်းပေးခဲ့ပြီး မဟာယူနိုက်တက်အသင်းအတွက် ဦးဆောင်ဂိုးကို ရယူပေးခဲ့သည်။ လက်ကျန်မိနစ်များတွင် ဒဂုံစတားယူနိုက်တက် အသင်းသည် ချေပဂိုးပြန်လည်ရရှိရန် ကြိုးပမ်းခဲ့သော်လည်း မဟာယူနိုက်တက် အသင်း က အကောင်းဆုံး တုံ့ပြန်ခဲ့သည်။ ပွဲအပြီးတွင် မဟာယူနိုက်တက်အသင်းက အာကာ ကျော်၏ ပင်နယ်တီဂိုးဖြင့် ဒဂုံစတားယူနိုက်အသင်းကို အနိုင်ရခဲ့သည်။
ယနေ့ပွဲတွင် နိုင်ပွဲရခဲ့သည့် မဟာယူနိုက်တက်အသင်းသည် ရမှတ် ၂၉ မှတ်ဖြင့် အဆင့် ၅ သို့ ယာယီတက်လှမ်းခဲ့သည်။ ယနေ့ပွဲတွင် ရှုံးနိမ့်ခဲ့သည့် ဒဂုံစတားယူနိုက်တက်အသင်း သည် ရမှတ် ၃၇ မှတ်ဖြင့် အဆင့် ၄ တွင် ဆက်လက်ရပ်တည်ခဲ့သည်။
