(Week-19) တွင် ရန်ကုန်ယူနိုက်တက်၊ ဟံသာဝတီယူနိုက်တက်၊ ဒဂုံစတားယူနိုက်တက်တို့ နိုင်ပွဲ ပျောက်

February 13, 2025

Myanmar National League 2024-25 အမှတ်ပေးဘာလုံးပြိုင်ပွဲ (Week-19) တွင် ရန်ကုန်ယူနိုက်တက်အသင်း၊ ဟံသာဝတီယူနိုက်တက်အသင်းနှင့် ဒဂုံစတားယူနိုက်တက် အသင်းတို့ နိုင်ပွဲ ပျောက်ဆုံးခဲ့ကြသည်။

ယခုတစ်ပတ်တွင် အမှတ်ပေးဇယား အဆင့် ၂ နေရာမှ ရန်ကုန်ယူနိုက်တက်အသင်းသည် အဆင့် ၇ နေရာမှ ရတနာပုံအသင်းနှင့် သရေကျခဲ့သည်။ ဟံသာဝတီယူနိုက်တက် အသင်းသည် ဧရာဝတီယူနိုက်တက်အသင်းကို နှစ်ဂိုး ဂိုးမရှိဖြင့် ရှုံးခဲ့သလို ဒဂုံစတား ယူနိုက်တက်အသင်းသည်လည်း မဟာယူနိုက်တက်အသင်းကို တစ်ဂိုး ဂိုးမရှိဖြင့် ရှုံးခဲ့ သည်။

မြဝတီအသင်းသည် ဒဂုံပေါ့အသင်းကို ၄-၁ ဂိုးဖြင့် လည်းကောင်း၊ ရခိုင်ယူနိုက် တက်အသင်းသည် သစ္စာအားမာန်အသင်းကို သုံးဂိုး တစ်ဂိုးဖြင့် လည်းကောင်း၊ ရှမ်း ယူနိုက်တက်အသင်းသည် ISPE အသင်းကို ငါးဂိုး ဂိုးမရှိဖြင့် လည်းကောင်း အသီးသီး အနိုင်ရခဲ့ကြသည်။

Myanmar National League 2024-25

(Week-19)

Myawady 4-1 Dagon Port

Naing Zin Htet 28′,90+1′

Soe Thet Maung 76′

Yan Naing Oo 90+5′

Myo Satt Paing 38′(DGP)

Yangon United 1-1 Yadanarbon

Nyan Lin Htet 45+2′

Arkar 64′(YDNB)

Hantharwady Utd 0-2 Ayeyawady Utd

Nyi Nyi Aung -10’

Yar Zar Aung – 51’

ThitsarArman 1 – 3 Rakhine Utd

Aung Tun Tun 46’

Mvando 64’ 82’ 88’(RUFC)

Dagon Star Utd  0-1 Mahar Utd 

Arkar Kyaw – 68’(pen)

ISPE 0-5 Shan United

Bakayoko 9′,43′,55′

Ye Yint Aung 17′

Hein Phyo Win 25′