MNL (U-21) Youth League 2025 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-10) ပွဲစဉ်များအပြီးတွင် အမှတ်ပေးဇယား အဆင့် ၁ နေရာတွင် ရန်ကုန်ယူနိုက်တက် ယူ-၂၁ အသင်းက ရမှတ် ၂၅ မှတ်ဖြင့် ဆက်လက်ဦးဆောင်နေသည်။

ယခုတစ်ပတ်ကစားခဲ့သည့် (Week-10) ပွဲစဉ်များတွင် ရန်ကုန်ယူနိုက်တက်အသင်းသည် ရှမ်းယူနိုက်တက်အသင်းနှင့် ဂိုးမရှိသရေ၊ ISPE အသင်းသည် ဧရာဝတီယူနိုက်တက်အသင်းနှင့် နှစ်ဂိုးစီ သရေ၊ Junior Lions အသင်းသည် ရတနာပုံအသင်းနှင့် နှစ်ဂိုးစီ သရေ၊ မဟာယူနိုက်တက်အသင်းနှင့် ဟံသာဝတီယူနိုက်တက်အသင်းတို့သည် တစ်ဂိုးစီ သရေ ကျခဲ့သည်။ သစ္စာအားမာန်အသင်းသည် ဒဂုံစတားယူနိုက်တက်အသင်းကို နှစ်ဂိုး တစ်ဂိုးဖြင့် လည်းကောင်း၊ ရာမညယူနိုက်တက်အသင်းသည် ဒဂုံပေါ့အသင်းကို လေးဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ Falcon အသင်းသည် ရခိုင်ယူနိုက်တက်အသင်းကို တစ်ဂိုး ဂိုးမရှိဖြင့်လည်းကောင်း အသီးသီး အနိုင်ရခဲ့သည်။
ပွဲစဉ် ၁၀ ပွဲစီ ကစားအပြီးတွင် ရန်ကုန်ယူနိုက်တက်အသင်းသည် ရမှတ် ၂၅ မှတ်ဖြင့် အဆင့် ၁ တွင် ရပ်တည်နေပြီး ISPE အသင်းသည် ရမှတ် ၂၃ မှတ်ဖြင့် အဆင့် ၂ နေရာတွင် ရပ်တည်နေသည်။ အဆင့် ၃ နေရာတွင် ရှမ်းယူနိုက်တက်အသင်းက ရမှတ် ၂၁ ဖြင့် ရပ်တည်နေပြီး အဆင့် ၄ နေရာတွင် ဒဂုံစတားယူနိုက်တက်အသင်းက ရမှတ် ၂၀ မှတ်ဖြင့် ရပ်တည်နေကြသည်။

