MNL (U-21) ဘောလုံးပြိုင်ပွဲတွင် ရာသီဝက်ချန်ပီယံဖြစ်ခဲ့သည့် ISPE အသင်း

July 15, 2025

MNL (U-21) Youth League 2025 အမှတ်ပေးဘောလုံးပြိုင်ပွဲ ပထမအကျော့အပြီးတွင် ISPE အသင်းက ရမှတ် ၂၉ မှတ်ဖြင့် ရာသီဝက်ချန်ပီယံ ဖြစ်ခဲ့သည်။

ပထမအကျော့အပြီး အဆင့် ၂ ၊ ၃ ၊ ၄ နေရာများတွင် ရန်ကုန်ယူနိုက်တက်အသင်း၊ ရှမ်းယူနိုက်တက်အသင်းနှင့် ဒဂုံစတားယူနိုက်တက်အသင်းတို့က ရမှတ် ၂၇ မှတ်စီဖြင့် အသီးသီး ရပ်တည်နေကြသည်။ (Week-13) ပွဲစဉ်များတွင် ဧရာဝတီယူနိုက်တက်အသင်းက ဒဂုံပေါ့အသင်းကို ၅-၀ ဂိုးဖြင့်လည်းကောင်း၊ သစ္စာအားမာန်အသင်းက မဟာယူနိုက်တက်အသင်းကို ၄-၂ ဂိုးဖြင့်လည်းကောင်း၊ Falcon အသင်းက ISPE အသင်းကို ၁-၀ ဂိုးဖြင့်လည်းကောင်း၊ ဒဂုံစတားယူနိုက်တက်အသင်းက ရာမညယူနိုက်တက်အသင်းကို ၄-၀ ဂိုးဖြင့်လည်းကောင်း အသီးသီး အနိုင်ရခဲ့ပြီး ရန်ကုန်ယူနိုက်တက်အသင်းနှင့် ဟံသာဝတီယူနိုက်တက်အသင်းတို့သည် သုံးဂိုးစီ သရေကျခဲ့သည်။ အလားတူ ရတနာပုံအသင်းနှင့် ရခိုင်ယူနိုက်တက်အသင်းတို့ပွဲစဉ်သည် လည်း ဂိုးမရှိ သရေကျခဲ့သည်။