ရာသီကြို ခြေစမ်းပွဲတွင် ရတနာပုံနှင့် ရန်ကုန်စီးတီး တစ်ဂိုးစီ သရေကျ

July 24, 2025

မြန်မာနေရှင်နယ်လိဂ်ဘောလုံးရာသီသစ်အတွက် ပြင်ဆင်သည့် အနေဖြင့် ရတနာပုံအသင်းနှင့် ရန်ကုန်စီးတီးအသင်းတိုသည် ဇူလိုင် ၂၄ ရက်(ယနေ့) နံနက်က ဗဟန်းမြက်ခင်းတုကွင်း၌ ခြေစမ်းကစားခဲ့ကြပြီး တစ်ဂိုးစီ သရေကျခဲ့သည်။


လက်ရှိအချိန်တွင် ရတနာပုံအသင်းသည် ရာသီကြိုခြေစမ်းပွဲ နှစ်ပွဲကစားထားပြီး ISPE အသင်းကို နှစ်ဂိုး ဂိုးမရှိဖြင့် ရှုးထားပြီး ရန်ကုန်စီးတီးအသင်းနှင့် သရေကျထားသည်။ အလားတူ မြန်မာနေရှင်နယ်လိဂ်- ပြိုင်ပွဲ ဝင်ပြိုင်မည့် ရန်ကုန်စီးတီးအသင်းသည် ရာသီကြို ခြေစမ်းပွဲ သုံးပွဲကစားထားပြီး ဒဂုံစတားယူနိုက်အသင်းနှင့် တစ်ဂိုးစီ သရေ၊ ISPE အသင်းနှင့် ဂိုးမရှိ သရေ၊ ရတနာပုံအသင်းနှင့် တစ်ဂိုးစီ သရေကျထားသည်။