၂၀၂၅-၂၆ မြန်မာနေရှင်နယ်လိဂ်အမှတ်ပေးဘောလုံးပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့် အနေဖြင့် ဇူလိုင် ၃၀ ရက်က မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းများ ရာသီကြို ခြေစမ်းပွဲ ကစားခဲ့ကြပြီး ခြေစမ်းပွဲတွင် ရန်ကုန်ယူနိုက်တက်အသင်း၊ ဟံသာဝတီယူနိုက်တက်အသင်း၊ ဒဂုံပေါ့အသင်းနှင့် ရန်ကုန်စီးတီးအသင်းတို့သည် နိုင်ပွဲ ကိုယ်စီရရှိခဲ့ကြသည်။
YUSC ကွင်း၌ ကစားခဲ့သည့် ရန်ကုန်ယူနိုက်တက်အသင်းနှင့် Glory Goal အသင်းတို့ပွဲတွင် ရန်ကုန်ယူနိုက်တက်အသင်းက လေးဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့ပြီး အင်းစိန်မီးရထားကွင်းတွင် ကစားခဲ့သည့် ဟံသာဝတီယူနိုက်တက်အသင်းနှင့် သစ္စာအားမာန်အသင်းတို့ပွဲစဉ်တွင် ဟံသာဝတီယူနိုက်တက်အသင်းက လေးဂိုး တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ TF-1 ကွင်းတွင် ကစားခဲ့သည့် Junior Lions အသင်းနှင့် ရန်ကုန်စီးတီးအသင်းတို့ပွဲစဉ်တွင် ရန်ကုန်စီးတီးအသင်းက ငါးဂိုး တစ်ဂိုးဖြင့် အနိုင်ရခဲ့ပြီး ကျိုက္ကဆံကွင်းတွင် ကစားခဲ့သည့် ISPE အသင်းနှင့် ဒဂုံပေါ့အသင်းတို့ပွဲစဉ်တွင် ဒဂုံပေါ့အသင်းက နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။

