ပြိုင်ဆိုင်မှု ပြင်းထန်မည့် နှစ်ဟု သစ္စာအားမာန်အသင်း နည်းပြချုပ် ပြော

August 1, 2025

၂၀၂၅-၂၆ ခုနှစ် မြန်မာနေရှင်နယ်လိဂ်အမှတ်ပေးဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် သစ္စာအားမာန်အသင်းသည် လက်ရှိ အချိန်တွင် ဟံသာဝတီယူနိုက်တက်အသင်းနှင့် ရာသီကြို ခြေစမ်းပွဲ ကစားထားသည်။ ခြေစမ်းပွဲတွင် သစ္စာအားမာန်အသင်းသည် ဟံသာဝတီယူနိုက်တက်အသင်းကို လေးဂိုး တစ်ဂိုးဖြင့် ရှုံးထားသည်။

သစ္စာအားမာန်အသင်း နည်းပြချုပ် ဦးပေါ်ထွန်းကျော်က ယခုနှစ် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွင် ပိုပြီး ပြိုင်ဆိုင်မှု ပြင်းထန်မည့် နှစ်တစ်နှစ်ဖြစ်ကြောင်းနှင့် အသင်းများအတွက် လေ့ကျင့်ရေးကွင်း အခက်အခဲများရှိနေကြောင်း ပြောခဲ့သည်။