သွင်းဂိုးနှစ်ဂိုးနှင့်အတူ AYA Pay အကောင်းဆုံးကစားသမားဆုရခဲ့သည့် ရတနာပုံတိုက်စစ်မှူး ပြည်မိုး

August 25, 2025

Myanmar National League 2025-26 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-2) ပွဲစဉ် တစ်ပွဲ အဖြစ် ဩဂုတ် ၂၂ ရက်(ယနေ့)၊ ညနေက YUSC ကွင်း၌ ရတနာပုံအသင်းနှင့် မဟာယူနိုက်တက်အသင်းတို့ ကစားခဲ့ကြပြီး ယင်းပွဲတွင် AYA Pay Man of The Match အကောင်းဆုံး ကစားသမားဆုကို ရတနာပုံအသင်း တိုက်စစ်မှူး ပြည်မိုးက ရရှိခဲ့ သည်။
ရတနာပုံအသင်းနှင့် မဟာယူနိုက်တက်အသင်းတို့ပွဲတွင် ရတနာပုံအသင်းက ၃-၂ ဂိုးဖြင့် မဟာယူနိုက်တက်အသင်းကို အနိုင်ရခဲ့သည်။ ယနေ့ပွဲတွင် ရတနာပုံအသင်း တိုက်စစ်မှူး ပြည်မိုး(ကျောနံပါတ်-၉၀)သည် အသင်းအတွက် သွင်းဂိုးနှစ်ဂိုး သွင်းပေးခဲ့ပြီးအကောင်းဆုံး ခြေစွမ်းပြခဲ့သည့် အတွက် AYA Pay မှ ချီးမြှင့်သည့် AYA Pay Man of the Match အကောင်းဆုံး ကစားသမားဆုကို ရရှိ ခဲ့ခြင်းဖြစ်သည်။
ပြည်မိုးသည် အကောင်းဆုံးကစားသမားဆုတံဆိပ်နှင့်အတူ ဆုငွေကျပ် သုံးသိန်း ရရှိခဲ့ပြီး ဆု တံဆိပ်နှင့် ဆုငွေကျပ်တို့ကို ပြိုင်ပွဲကြီးကြပ် ဦးအောင်အောင်မျိုးက ချီးမြှင့် ပေးခဲ့သည်။
Man of the Match အကောင်းဆုံးကစားသမားဆု ချီးမြှင့်ခြင်းအစီအစဉ်ကို မြန်မာ နေရှင်နယ်လိဂ်၏ Payment Partner ဖြစ်သည့် AYA Pay မှ အဓိက ပံ့ပိုးကူညီပေးထား ခြင်းဖြစ်သည်။