Myanmar Women League 2025-26 ပြိုင်ပွဲဝင်အသင်းတစ်သင်းဖြစ်သည့် ဧရာဝတီအက်ဖ်စီအမျိုးသမီးအသင်း၏ Fan Meet Up အခမ်းအနားကို ယနေ့ညနေပိုင်းက သုဝဏ္ဏမြက်ခင်းတုကွင်း (အမျိုးသားဘောလုံးအကယ်ဒမီ)တွင် ကျင်းပခဲ့သည်။

အဆိုပါ ပရိသတ်များနှင့် တွေ့ဆုံသည့်အခမ်းအနားတွင် ဧရာဝတီအက်ဖ်စီအမျိုးသမီးအသင်းမှ နော်ထက်ထက်ဝေ၊ ဖြူဖြူဝင်း၊ စန်းသော်သော်၊ ဇွန်ယုယဦး၊ စုစုခင်စသည့် ကစားသမားများအပါအဝင် အသင်းကစားသမားများအား ပရိသတ်များနှင့် တစ်ဦးချင်းမိတ်ဆက်ပေးခြင်း၊ အိမ်ကွင်း/အဝေးကွင်း Player Version ဂျာစီများ ကံစမ်းမဲဖောက်ပေးခြင်း၊ အသင်းအမှတ်တံဆိပ်နှင့်ကစားသမားအမည်ပါ ကော်ဖီခွက်များ ကံစမ်းမဲဖောက်ပေးခြင်း၊ လေ့ကျင့်ရေးအစီအစဉ်အား အနီးကပ်ကြည့်ရှု့အားပေးခွင့်ရရှိခြင်း၊ ကစားသမားများနှင့် အမှတ်တရ ဓာတ်ပုံရိုက်ကူးခွင့် ဖန်တီးပေးခြင်းနှင့် ပျော်ရွှင်စရာ Game အစီအစဉ်များကို ထည့်သွင်းပြုလုပ်ခဲ့သည်။

ဧရာဝတီအသင်းသည် ယခုအစီအစဉ်ကို Myanmar Women League 2025-26 Week-6 ပွဲစဉ်မတိုင်မီ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပွဲစဉ်(၆)အဖြစ် လာမည့် စက်တင်ဘာ ၁၁ ရက်တွင် ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်းနှင့် လှိုင်မြို့နယ်၊ သံလမ်းမှတ်တိုင်အနီးရှိ ရန်ကုန်ယူနိုက်တက်မြက်ခင်းတုကွင်း(YUSC)တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။






