ယနေ့ YUSC ကွင်းတွင် ယှဉ်ပြိုင်ကစားလျက်ရှိသော ရန်ကုန်ယူနိုက်တက်အသင်းနှင့် ISPE အသင်းတို့ပွဲစဉ်သည် မိုးသည်းထန်စွာရွာသွန်းခဲ့သည့်အတွက် ဘောလုံးပွဲအား ခေတ္တရပ်နားခဲ့သည်။ သို့သော် မိုးဆက်လက်ရွာသွန်းလျက်ရှိပြီး ပွဲပြန်လည်ကစားရန် အဆင်မပြေသည့်အတွက် ပွဲကစားချိန် ၂၁ မိနစ်အရောက်တွင် (၀-၀) ရလဒ်ဖြင့် ပွဲစဉ်အား လုံးဝရပ်နားရွှေ့ဆိုင်းခဲ့ရသည်။ ယင်းပွဲစဉ်အား လာမည့် စက်တင်ဘာ ၁၆ ရက်၊ ညနေ (၄:၀၀) သုဝဏ္ဏကွင်းတွင် ပြန်လည်ကစားမည်ဖြစ်သည်။ ပြန်လည်ကစားရာတွင် ပွဲရပ်နားခဲ့စဉ်က မိနစ်၊ ရလဒ်၊ ပွဲထွက်ကစားသမားစာရင်းအတိုင်းသာ ပြန်လည်ကစားရမည်ဖြစ်သည်။

