စက်တင်ဘာ ၁၉ ရက်(ယနေ့) စတင်ကစားမည့် မြန်မာနေရှင်နယ်လိဂ် (Week-4) ပွဲစဉ်များ

September 19, 2025

Myanmar National League 2025-26 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-4) ပွဲစဉ်များကို စက်တင်ဘာ ၁၉ ရက်(ယနေ့)တွင် စတင်ကစားမည်ဖြစ်သည်။
စက်တင်ဘာ ၁၉ ရက်၊ ညနေ(၃:၃၀) သန်လျင်(သီဟဒီပကွင်း)တွင် ဟံသာဝတီယူနိုက်တက်အသင်းနှင့် ရာမညယူနိုက်တက်အသင်း၊ ညနေ (၄:၀၀) သုဝဏ္ဏကွင်းတွင် ဒဂုံပေါ့အသင်းနှင့် ဧရာဝတီယူနိုက်တက်အသင်းတို့ ကစားကြမည်ဖြစ်သည်။ စက်တင်ဘာ ၂၀ ရက်၊ ညနေ (၃:၃၀) တောင်ကြီးကွင်းတွင် ရှမ်းယူနိုက်တက်အသင်းနှင့် ရတနာပုံအသင်း၊ ညနေ (၄:၀၀) သုဝဏ္ဏကွင်းတွင် ISPE အသင်းနှင့် ဒဂုံစတားယူနိုက်တက်အသင်းတို့ ကစားကြမည်ဖြစ်သည်။ စက်တင်ဘာ ၂၁ ရက်၊ ညနေ (၄:၀၀) သုဝဏ္ဏကွင်းတွင် သစ္စာအားမာန်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ ကစားမည်ဖြစ်ပြီး စက်တင်ဘာ ၂၂ ရက်၊ ညနေ (၄:၀၀) သုဝဏ္ဏကွင်းတွင် မဟာယူနိုက်တက်အသင်းနှင့် ရခိုင်ယူနိုက်တက်အသင်းတို့ အသီးသီးကစားကြမည်ဖြစ်သည်။