အစောပိုင်းက Myanmar Women League အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-10)ပွဲစဉ်များကို အောက်တိုဘာ ၄ ၊ ၅ ရက်များတွင် ကစားရန် စီစဉ်ထားသော်လည်း ယခုအခါတွင် (Week-10)ပွဲစဉ်များကို ဒီဇင်ဘာ ၂၅၊ ၂၆ ရက်များသို့ ပြောင်းလဲကစားရန် ရွှေ့ဆိုင်းခဲ့သည်။
မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် ၂၀၂၅ ခုနှစ် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ(ဆီးဂိမ်း)ပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင်ချိန် ပိုမိုရရှိရန်အတွက် Myanmar Women League အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-10)ပွဲစဉ်များကို ယခုကဲ့သို့ ပြောင်းလဲ ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းသည် ဆီးဂိမ်းပြိုင်ပွဲတွင် အောင်မြင်မှုရရှိရန်အတွက် ဂျပန်နိုင်ငံသို့ သွားရောက်လေ့ကျင့်လျက်ရှိသည်။ ပြောင်းလဲရွှေ့ဆိုင်းခဲ့သည့် အမျိုးသမီးလိဂ်ပွဲစဉ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။


