
Myanmar National League 2025-26 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-9 )ပွဲစဉ် တစ်ပွဲ အဖြစ် ဒီဇင်ဘာ ၂၃ ရက်(ယနေ့)၊ ညနေက သုဝဏ္ဏကွင်း၌ ရတနာပုံအသင်းနှင့် ISPE အသင်းတို့ ကစားခဲ့ကြပြီး ယင်းပွဲတွင် AYA Pay Man of The Match အကောင်းဆုံးကစားသမားဆုကို ရတနာပုံအသင်း ဝါရင့်တိုက်စစ်မှူး မျိုးဇော်ဦးက ရခဲ့သည်။
ရတနာပုံအသင်းနှင့် ISPE အသင်းတို့ ပွဲတွင် ရတနာပုံအသင်းက ၃-၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။ မျိုးဇော်ဦးသည် ယနေ့ပွဲတွင် ပွဲစဉ်အစ အဆုံး ခြေပေါ်ခဲ့ပြီး အသင်းအတွက် နှစ်ဂိုး သွင်းနိုင်ခဲ့သည့်အတွက် AYA Pay မှ ချီးမြှင့်သည့် AYA Pay Man of the Match အကောင်းဆုံး ကစားသမားဆုကို ရရှိ ခဲ့ခြင်းဖြစ်သည်။
မျိုးဇော်ဦးသည် အကောင်းဆုံးကစားသမားဆုတံဆိပ်နှင့်အတူ ဆုငွေကျပ် သုံးသိန်း ရရှိခဲ့ပြီး ဆုတံဆိပ်နှင့် ဆုငွေကျပ်တို့ကို ပြိုင်ပွဲကြီးကြပ် ဦးရဲနိုင်ဦးက ချီးမြှင့် ပေးခဲ့သည်။
Man of the Match အကောင်းဆုံးကစားသမားဆု ချီးမြှင့်ခြင်းအစီအစဉ်ကို မြန်မာ နေရှင်နယ်လိဂ်၏ Payment Partner ဖြစ်သည့် AYA Pay မှ အဓိက ပံ့ပိုးကူညီပေးထား ခြင်းဖြစ်သည်။
