MNL II Promotion Amateur ဘောလုံးပြိုင်ပွဲတွင် ဆီမီးတက်ရောက်သည့်အသင်းများ ထွက်ပေါ်

March 10, 2026

မြန်မာနိုင်ငံဘောလုံးအဖွဲချုပ်မှ ကြီးမှူးပြီး မတ်လ ၁ ရက်က စတင်ကျင်းပခဲ့သော MNL II Promotion Amateur Club Tournament 2026 အုပ်စုပွဲစဉ်များ ပြီးဆုံးသွားခဲ့ပြီဖြစ်ပြီး အုပ်စုပွဲစဉ်များအပြီးတွင် အုပ်စု (A) မှ Enjoy Brother နှင့် Happy Friendship၊ အုပ်စု (B)မှ Elite Kings နှင့် Asia Lion အသင်းတို ဆီမီးဖိုင်နယ်အဆင့်သို တက်ရောက်နိုင်ခဲ့သည်။

ဆီမီးဖိုင်နယ်ပွဲစဉ်များကို မတ်လ ၁၃ ရက်တွင် ဗဟန်းကွင်းနှင့် MFF Training Field -1 (သုဝဏ္ဏ)၌ ကျင်းပသွားမည်ဖြစ်ပြီး အုပ်စု (A)ပထမ Enjoy Brother နှင့် အုပ်စု (B) ဒုတိယ Asia Lion၊ အုပ်စု (B) ပထမ Elite Kings နှင့် အုပ်စု (A) ဒုတိယ Happy Friendship အသင်းတို တွေ့ဆုံယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

ဗိုလ်လုပွဲသို တက်ရောက်လာသည့်နှစ်သင်းအနေဖြင့် လာမည့်ရာသီ မြန်မာနေရှင်နယ်လိဂ်-၂ အမှတ်ပေးပြိုင်ပွဲသို တန်းတက်ယှဉ်ပြိုင်ခွင့်ရရှိမည်ဖြစ်သည်။ ဗိုလ်လုပွဲစဉ်အား မတ်လ ၁၅ ရက်၊ ညနေ ၃း၃၀ တွင် သုဝဏ္ဏကွင်း၌ ကျင်းပသွားမည်ဖြစ်ကာ အခမဲ့ရုပ်သံလိုင်းများမှ ပြသပေးနိုင်ရန် စီစဉ်ထားသည်။

MNL II Promotion Amateur Club Tournament 2026
Semi-Final
Enjoy Brother Vs Asia Lion/ Bahan Artificial (M-3)/ 3:30 PM
Elite Kings Vs Happy Friendship/ MFF Training Field -1 / 3:30 PM

Final Match

Thuwunna Stadium
3:30 PM