ဝမ်းနည်းကြေကွဲခြင်း

March 23, 2026

ဦးတင်မြင့်အောင် (အသက် ၅၉ နှစ်)

ဝမ်းနည်းကြေကွဲခြင်း🙏

ဦးတင်မြင့်အောင် (အသက် ၅၉ နှစ်)

(မြန်မာ့လက်ရွေးစင် ကစားသမား)
(မြန်မာ့လက်ရွေးစင် နည်းပြချုပ်)
(နည်းစနစ် ဒါရိုက်တာ)

🇲🇲မြန်မာနိုင်ငံ ဘောလုံးအဖွဲချုပ်တွင် နည်းစနစ် ဒါရိုက်တာ၊ တွဲဖက် နည်းစနစ်ဒါရိုက်တာ၊ မြန်မာ့လက်ရွေးစင် အမျိုးသား အသင်း နည်းပြချုပ်၊ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း နည်းပြချုပ် စသည့် ရာထူးတာဝန်များ ထမ်းဆောင်ခဲ့သည့် ငွေခေတ်မြန်မာ့လက်ရွေးစင်နှင့် ဘဏ္ဏာအခွန်အသင်း ကစားသမားဟောင်း ဦးတင်မြင့်အောင် (အသက်-၅၉)နှစ်သည် ယနေ့ မနက်ပိုင်းက ၉၆ ပါးသော ရောဂါဖြင့် ဘဝတစ်ပါးသိုကူးပြောင်းသွားကြောင်း ဝမ်းနည်းစွာ သိရှိရပါသည်။

ဦးတင်မြင့်အောင်သည် ကစားသမားဘဝတွင် တက္ကသိုလ် လက်ရွေးစင်အသင်းတွင် ၁၉၈၅ မှ ၁၉၉၄ ခုနှစ်အထိ ကစားခဲ့ပြီးနောက် ၁၉၈၇ မှ ၂၀၀၀ ခုနှစ်အထိ ပထမတန်းကလပ် ဘဏ္ဏာ/အခွန်၊ ယင်းနောက် ၁၉၈၉ မှ ၁၉၉၁ အထိ မလေးရှားကလပ် Armed Forces FC တိုတွင် ပရော်ဖက်ရှင်နယ်အဖြစ် ကစားခဲ့ပါသည်။ ၁၉၈၉ မှ ၂၀၀၀ ခုနှစ်အထိ မြန်မာ့လက်ရွေးစင်အသင်းတွင် ပါဝင်ကစားခဲ့ပြီး ၁၉၉၃ ဆီးဂိမ်းစ် ငွေတံဆိပ်ဆု ရရှိခဲ့ကာ ဘဏ္ဏာအခွန် အသင်းနှင့်အတူ ပြည်တွင်းချန်ပီယံဆုများလည်း ရရှိခဲ့ပါသည်။ ၁၉၉၇ တွင် အကောင်းဆုံးကစားသမားဆု ရရှိခဲ့ပါသည်။

နည်းပြဘဝအား ၂၀၀၂ ခုနှစ်တွင် မြန်မာ့လက်ရွေးစင်အသင်း လက်ထောက်နည်းပြအဖြစ် စတင်ခဲ့ပြီးနောက် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း နည်းပြချုပ်၊ မြန်မာ့လက်ရွေးစင် အမျိုးသား အသင်းနည်းပြချုပ်၊ မြန်မာ ယူ၂၃ အသင်း နည်းပြချုပ် တာဝန်များအား ထမ်းဆောင်ခဲ့သလို Ayeyarwady United FC အသင်းနည်းပြချုပ် အဖြစ်လည်း တာဝန်ယူခဲ့ပါသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲချုပ်တွင် နည်းပြတာဝန်များသာမက လူငယ်ဖွံဖြိုးရေး စီမံကိန်းများကိုလည်း တာဝန်ယူဆောင်ရွက်ခဲ့သလို နည်းစနစ်ဆိုင်ရာ တာဝန်များကိုလည်း ပြည်တွင်းပြည်ပ ကျွမ်းကျင်သူများနှင့်အတူ ပူးပေါင်းတာဝန်ထမ်းဆောင်ခဲ့ပါသည်။ တွဲဖက်အထွေထွေ အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ အသင်းမန်နေဂျာအဖြစ်လည်းကောင်း အုပ်ချုပ်မှုဆိုင်ရာတာဝန်များ ထမ်းဆောင်ခဲ့သလို နည်းပြလုပ်ငန်း ဖွံဖြိုးတိုးတက်ရေး အတွက် တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။ အာရှဘောလုံးအဖွဲချုပ် MA Instructor အဖြစ်လည်း မြန်မာနိုင်ငံဘောလုံးအဖွဲချုပ်မှ ဖွင့်လှစ်သည့် နည်းပြသင်တန်းများအား ဦးဆောင်ပိုချပေးခဲ့ပါသည်။ ထိုအပြင် မြန်မာနိုင်ငံ ဘောလုံးအဖွဲချုပ် အလုပ်အမှုဆောင်အဖြစ်လည်း တာဝန်ယူခဲ့ပြီး နည်းစနစ်ကော်မတီ လုပ်ငန်းတာဝန်များလည်း ထမ်းဆောင်ခဲ့ပါသည်။

ဦးတင်မြင့်အောင်သည် မြန်မာ့ဘောလုံးလောကတွင် ကစားသမား၊ နည်းပြ၊ နည်းစနစ်၊ စီမံအုပ်ချုပ် စသည့်ကျရာ နေရာအသီးသီးတွင် အကောင်းဆုံး ကြိုးစားစွမ်းဆောင်ပေးခဲ့သူ တစ်ဦးဖြစ်သည့်အတွက် မြန်မာနိုင်ငံဘောလုံးအဖွဲချုပ်က MFF Service Award ဆုကို ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၈ ရက်၊ မြန်မာနိုင်ငံဘောလုံးအဖွဲချုပ် ကွန်ဂရက်စ်တွင် ချီးမြှင့်ပေးအပ်ခဲ့ပါသည်။

ဦးတင်မြင့်အောင် ကွယ်လွန်သွားခြင်းသည် မြန်မာ့ဘောလုံးလောအတွက် ဆုံးရှုးနစ်နာမှု တစ်ခုဖြစ်ပြီး အဖွဲချုပ် အနေဖြင့် ကျန်ရစ်သူ မိသားစုနှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါသည်။ ဦးတင်မြင့်အောင် ကောင်းရာသုဂတိသို ရောက်ရှိပါစေကြောင်း ဆုတောင်းမေတ္တာ ပိုသအပ်ပါသည်။

ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်အဖွဲ
မြန်မာနိုင်ငံ ဘောလုံးအဖွဲချုပ်