
၂၀၂၆-၂၇ ဘောလုံးရာသီတွင် မန္တလေးမြို့၌ အိမ်ကွင်းပြန်လည် ကျင်းပရန်အတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိနေသည့် ရတနာပုံအသင်း၏ ပြင်ဆင်ဆောင်ရွက်နေမှုများကို လိဂ်ကော်မတီဥက္ကဋ္ဌ ဦးဇော်မင်းသိန်း နှင့်အဖွဲ့က ဧပြီလ (၂၇)ရက်နေ့ နံနက်ပိုင်းက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ဘောလုံးရာသီသစ်အတွက် အိမ်ကွင်းလက်ခံကျင်းပရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြသည့် အသင်းများအနက် တစ်သင်းဖြစ်သည့် ရတနာပုံအသင်းသည် မန္တလေးမြို့ရှိ ဗထူးကွင်း၊ အောင်မြေမန္တလာကွင်းနှင့် ရွှေမန်းတောင်လေ့ကျင့်ရေး ကွင်းများကို လျာထားဆောင်ရွက်လျက်ရှိရာ လိဂ်ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ရတနာပုံအသင်း ပိုင်ရှင် ဦးမျိုးမင်းအောင်၊ ဥက္ကဋ္ဌ ဦး M ဇော်ဇော်လတ်၊ ဒုတိယ ဥက္ကဋ္ဌ ဦးမင်းဇင်ဦး၊ မန္တလေးတိုင်း ဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနိုင်လင်းအောင်တို့က လိုက်လံရှင်းလင်းပြသခဲ့သည်။


