ဟိုပုံးနှင့် ကလော၊ ပင်လောင်းနှင့် တောင်ကြီးအသင်းတို့ တွေ့ဆုံနေသည့် တောင်ကြီးဇုန် MPT ယူ ၁၄ အကြိုဗိုလ်လုပွဲစဉ်များ

December 1, 2018

မျိုးဆက်သစ်ကစားသမားများ ထွက်ပေါ်လာရေးအတွက် ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် ကျင်းပလျက်ရှိသည့် MPT အသက် ၁၄ နှစ်အောက်ဘောလုံးပြိုင်ပွဲ၏ အကြိုဗိုလ်လုပွဲအဆင့်တွင် ဟိုပုံးလူငယ်အသင်းနှင့် ကလောလူငယ်အသင်း၊ ပင်လောင်းလူငယ်အသင်းနှင့် တောင်ကြီးလူငယ်အသင်းတို့ တွေ့ဆုံလျက်ရှိသည်။

ယနေ့ကျင်းပခဲ့သည့် အုပ်စု(ဂ) နောက်ဆုံးပွဲစဉ်တွင် ကလောအသင်းက နမ့်ဆန်အသင်းကို နှစ်ဂိုးပြတ် အနိုင်ရခဲ့သည့်နည်းတူ အုပ်စု(ဃ) ၏ နောက်ဆုံးပွဲစဉ်ဖြစ်သည့် တောင်ကြီးအသင်းနှင့် ဖယ်ခုံအသင်းတို့ပွဲတွင် တောင်ကြီးအသင်းက သုံးဂိုးပြတ်အနိုင်ရကာ နောက်တစ်ဆင့် တက်ရောက်ခဲ့သည်။ အုပ်စု(က)တွင် ဟိုပုံးအသင်းနှင့် အုပ်စု(ခ)တွင် ပင်လောင်းအသင်းတို့ အုပ်စုပထမနေရာ ရရှိကာ အကြိုဗိုလ်လုပွဲအဆင့်ကို တက်လှမ်းခဲ့ခြင်းဖြစ်သည်။

အကြိုဗိုလ်လုပွဲစဉ်များကို ဒီဇင်ဘာ ၃ ရက်တွင် တောင်ကြီးမြို့၊ပြည်နယ်အားကစားကွင်းတွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ရာ ကျောင်းသား/သူများ၊ ကျောင်းသားမိဘများနှင့် ဘောလုံးအားကစား ၀ါသနာရှင် ပရိသတ်များ အခမဲ့လာရောက် အားပေးကြည့်ရှုနိုင်မည်ဖြစ်ပါသည်။

အကြိုဗိုလ်လုပွဲစဉ်များ

၃-၁၂-၂၀၁၈

ဟိုပုံး-ကလော / နံနက် ၈း၀၀

ပင်လောင်း – တောင်ကြီး / နံနက် ၁၀း၀၀