အိမ်ရှင်ဟံသာဝတီအသင်းကို အနိုင်ယူကာ အဆင့် ၂ သို့ တက်လှမ်းနိုင်ခဲ့သည့် ဧရာဝတီယူနိုက်တက်

August 18, 2019

[fsn_row][fsn_column width=”12″][fsn_text]

MPT Myanmar National League 2019 အမှတ်ပေးဘောလုံးပြိုင်ပွဲ၏ (Week-21) ပွဲစဉ်တစ်ပွဲဖြစ်သည့် ဟံသာဝတီယူနိုက်တက်အသင်းနှင့် ဧရာဝတီယူနိုက်တက်အသင်းတို့ ပွဲစဉ်တွင် ဧည့်သည်ဧရာဝတီ
အသင်းမှ သုံးဂိုးတစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။

ပွဲစတင်သည်နှင့်တစ်ပြိုင်နက် ဧရာဝတီယူနိုက်တက်အသင်းမှ ဦးဆောင်ဂိုးရရှိရန် အိမ်ရှင်ဟံသာဝတီအသင်းကို ဖိအားပေးကစားခဲ့ပြီး ဟံသာဝတီအသင်းအနေဖြင့် တန်ပြန်တိုက်စစ်ဖြင့်သာ တုံ့ပြန်ခဲ့သည်။ ပွဲချိန်
၃၀ မိနစ်တွင် ဧရာဝတီအသင်းမှ ဦးဆောင်ဂိုးစတင်ရခဲ့ပြီး တိုက်စစ်မှူး Success က သွင်းယူပေးခဲ့သည်။ ပထမပိုင်းအပြီးတွင် ဧည့်သည်ဧရာဝတီအသင်းမှ တစ်ဂိုးဂိုးမရှိဖြင့် အိမ်ရှင်အသင်းကို ဦးဆောင်ခဲ့သည်။
ဒုတိယပိုင်းပြန်လည်စတင်ရာတွင် ဧရာဝတီအသင်းမှ ဂိုးထပ်မံရရှိရန် ဖိအားပေးကစားခဲ့ပြီး ပွဲချိန် ၆၅ မိနစ်တွင် ဒုတိယဦးဆောင်ဂိုးရရှိခဲ့ပြီး Success မှ သွင်းယူပေးခဲ့သည်။ ပွဲချိန် ၆၉ မိနစ်တွင် ဧရာဝတီအသင်း
မှ ပင်နယ်တီရရှိခဲ့ပြီး တိုက်စစ်မှူး Success မှ အမှားအယွင်းမရှိ ကန်သွင်းကာ တတိယဦးဆောင်ဂိုးရယူပေးခဲ့သည်။ ပွဲချိန် ၈၆ မိနစ်တွင် ဟံသာဝတီအသင်းမှ ပထမချေပဂိုးရခဲ့ပြီး မာ့ခ်ဆာကီမှ သွင်းယူပေးခဲ့
သည်။ လက်ကျန်မိနစ်များတွင် နှစ်သင်းစလုံးမှ ဂိုးထပ်မံမရခဲ့သည့်အတွက် ပွဲအပြီးတွင် ဧည့်သည်အသင်းမှ သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။
ဟံသာဝတီအသင်းသည် ယနေ့ပွဲတွင် နောက်ခံလူ မိုက်ကယ် ပွဲပယ်ကြောင့် မပါနိုင်သည့်အပြင် ထူးနေအောင်၊ ရွှေလှိုင်ဝင်း၊ ဟိန်းထက်အောင်တို့ ပါဝင်မကစားနိုင်ခဲ့ပေ။ ယနေ့ပွဲတွင် အနိုင်ရခဲ့သည့် ဧရာဝတီ
အသင်းသည် ရမှတ် ၄၁ မှတ်ဖြင့် အဆင့် ၂ နေရာသို့ တက်လှမ်းနိုင်ခဲ့သည်။ အခြားပွဲစဉ်တွင် ရှမ်းယူနိုက်တက်အသင်းမှ မကွေးအသင်းကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည့်အတွက် ရှမ်းအသင်းသည် ရမှတ် ၄၃
မှတ်ဖြင့် အဆင့် ၁ နေရာတွင် ဦးဆောင်ခဲ့သည်။

[/fsn_text][/fsn_column][/fsn_row]