ရှမ်းပြည်နယ်တွင် ကျင်းပမည့် MFF-MPT Grassroots Football Festival 2019 အတွက် Grassroots Coaching Course နည်းပြ သင်တန်း ဖွင့်လှစ်

August 30, 2019

[Unicode]

လာမည့် စက်တင်ဘာလ ၁ ရက်နေ့တွင် ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် ကျင်းပသွားမည့် MFF-MPT Grassroots Football Festival 2019 အတွက် Grassroots Coaching Course နည်းပြ သင်တန်းကို တောင်ကြီးမြို့ ပြည်နယ်လေ့ကျင့်ရေး အားကစားရုံတွင် ယနေ့မနက်က ဖွင့်လှစ်ခဲ့သည်။ အဆိုပါ ဖွင့်ပွဲ အခမ်းအနားသို့ ရှမ်းပြည်နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း၊ ရှမ်းပြည်နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးတင်ထွန်း၊ ရှမ်းပြည်နယ် ဘောလုံး ဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်လွင်ကြီးနှင့် အဖွဲ့ဝင်များ၊ ခရိုင် အားကစားနှင့် ကာယပညာ ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်နန်းအဲမာ၊ တောင်ကြီးမြို့နယ် အားကစားမှူး ဒေါ်နန်းမိုမိုမောင်၊ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ Grassroots Director ဦးဘုန်းညွှန့်ကို၊ မြန်မာနေရှင်နယ်လိဂ်မှ Sponsorship Project Director ဦးသိုက်စံထွန်းနှင့် တာဝန်ရှိသူများ၊ သင်တန်းတက်ရောက်ကြမည့် ဆရာ၊ ဆရာမများ တက်ရောက် ခဲ့ကြသည်။

ဦးစွာ ရှမ်းပြည်နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်းမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ရှမ်းပြည်နယ် ဘောလုံးဆပ်ကော်မတီ ဥက္ကဌ ဦးခင်မောင်လွင်ကြီး (မြန်မာ့လက်ရွေးစင်ဟောင်း)က ကြိုဆိုနှုတ်ခွန်းဆက်စကား ဆက်လက် ပြောကြားသည်။ ယင်းနောက်တွင် မြန်မာနေရှင်နယ်လိဂ်မှ Sponsorship Project Director ဦးသိုက်စံထွန်း ယခုဖွင့်လှစ်ရသည့် သင်တန်း၏ ရည်ရွယ်ချက်များ၊ သင်ကြားပို့ချမည့် အကြောင်းအရာများ စသည်များကို ရှင်းလင်း တင်ပြခဲ့သည်။

ယင်းနောက်တွင်မူ သင်တန်းအစီအစဉ်ကို စတင်ခဲ့ပြီး မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ Grassroots Director ဦးဘုန်းညွှန့်ကိုက စတင်ပို့ချခဲ့သည်။ အဆိုပါ Grassroots Coaching Course နည်းပြ သင်တန်းကို ရှမ်းပြည်နယ် တစ်လွှားမှ ဆရာ၊ ဆရာမ ၅၄ ဦး တက်ရောက်ခဲ့သည်။ သင်တန်းကာလမှ ၂ ရက်တာ ကြာမြင့်မည် ဖြစ်ပြီး အဆိုပါ သင်တန်းကာလ အတွင်း Grassroots အရွယ် ကလေးငယ်များ အတွက် သင့်လျှော်သည့် ဘောလုံးလေ့ကျင့်ခန်းများ အပြင် ကလေးများ၏ စုပေါင်းဆောင်ရွက်နိုင်စွမ်း၊ မိမိကိုယ်ကို အားကိုးနိုင်စွမ်းများ မြင့်တက်လာစေနိုင်မည့် သင်ခန်းစာများကို ကလေးများအား ပြန်လည် သင်ကြားနိုင်ရန် ပို့ချသွားမည် ဖြစ်သည်။ ယင်းနည်းပြများ အနေဖြင့် လာမည့် စက်တင်ဘာ ၁ ရက်တွင် တောင်ကြီးမြို့ ပြည်နယ် အားကစားကွင်း၌ ကျင်းပပြုလုပ်သွားမည့် MFF-MPT Grassroots Football Festival 2019 (Taunggyi Zone) တွင် တက်ရောက်လာသည့် ကလေးငယ်များကို သင်ကြားမှုများ ပြုလုပ်သွားရမည် ဖြစ်သည်။

 

[Zawgyi]

လာမည့္ စက္တင္ဘာလ ၁ ရက္ေန႔တြင္ ရွမ္းျပည္နယ္ ေတာင္ႀကီးၿမိဳ႕တြင္ က်င္းပသြားမည့္ MFF-MPT Grassroots Football Festival 2019 အတြက္ Grassroots Coaching Course နည္းျပ သင္တန္းကို ေတာင္ႀကီးၿမိဳ႕ ျပည္နယ္ေလ့က်င့္ေရး အားကစား႐ုံတြင္ ယေန႔မနက္က ဖြင့္လွစ္ခဲ့သည္။ အဆိုပါ ဖြင့္ပြဲ အခမ္းအနားသို႔ ရွမ္းျပည္နယ္ အားကစားႏွင့္ ကာယပညာ ဦးစီးဌာန ၫႊန္ၾကားေရးမွဴး ဦးေက်ာ္ေက်ာ္သိန္း၊ ရွမ္းျပည္နယ္ အားကစားႏွင့္ ကာယပညာ ဦးစီးဌာန ဒုတိယ ညႊန္ၾကားေရးမွဴး ဦးတင္ထြန္း၊ ရွမ္းျပည္နယ္ ေဘာလံုး ဆပ္ေကာ္မတီ ဥကၠ႒ ဦးခင္ေမာင္လြင္ႀကီးႏွင့္ အဖြဲ႕ဝင္မ်ား၊ ခရိုင္ အားကစားႏွင့္ ကာယပညာ ဦးစီးဌာန လက္ေထာက္ ညႊန္ၾကားေရးမွဴး ေဒၚနန္းအဲမာ၊ ေတာင္ႀကီးၿမိဳ႕နယ္ အားကစားမွဴး ေဒၚနန္းမိုမိုေမာင္၊ ျမန္မာႏိုင္ငံ ေဘာလံုး အဖြဲ႔ခ်ဳပ္မွ Grassroots Director ဦးဘုန္းညႊန္႔ကို၊ ျမန္မာေနရွင္နယ္လိဂ္မွ Sponsorship Project Director ဦးသိုက္စံထြန္းႏွင့္ တာဝန္ရွိသူမ်ား၊ သင္တန္းတက္ေရာက္ၾကမည့္ ဆရာ၊ ဆရာမမ်ား တက္ေရာက္ ခဲ့ၾကသည္။

ဦးစြာ ရွမ္းျပည္နယ္ အားကစားႏွင့္ ကာယပညာ ဦးစီးဌာန ညႊန္ၾကားေရးမွဴး ဦးေက်ာ္ေက်ာ္သိန္းမွ အဖြင့္အမွာစကား ေျပာၾကားခဲ့ၿပီး ရွမ္းျပည္နယ္ ေဘာလံုးဆပ္ေကာ္မတီ ဥကၠဌ ဦးခင္ေမာင္လြင္ႀကီး (ျမန္မာ့လက္ေရြးစင္ေဟာင္း)က ႀကိဳဆိုႏႈတ္ခြန္းဆက္စကား ဆက္လက္ ေျပာၾကားသည္။ ယင္းေနာက္တြင္ ျမန္မာေနရွင္နယ္လိဂ္မွ Sponsorship Project Director ဦးသိုက္စံထြန္း ယခုဖြင့္လွစ္ရသည့္ သင္တန္း၏ ရည္ရြယ္ခ်က္မ်ား၊ သင္ၾကားပို႔ခ်မည့္ အေၾကာင္းအရာမ်ား စသည္မ်ားကို ရွင္းလင္း တင္ျပခဲ့သည္။

ယင္းေနာက္တြင္မူ သင္တန္းအစီအစဥ္ကို စတင္ခဲ့ၿပီး ျမန္မာႏိုင္ငံ ေဘာလံုး အဖြဲ႔ခ်ဳပ္မွ Grassroots Director ဦးဘုန္းညႊန္႔ကိုက စတင္ပို႔ခ်ခဲ့သည္။ အဆိုပါ Grassroots Coaching Course နည္းျပ သင္တန္းကို ရွမ္းျပည္နယ္ တစ္လႊားမွ ဆရာ၊ ဆရာမ ၅၄ ဦး တက္ေရာက္ခဲ့သည္။ သင္တန္းကာလမွ ၂ ရက္တာ ၾကာျမင့္မည္ ျဖစ္ၿပီး အဆုိပါ သင္တန္းကာလ အတြင္း Grassroots အရြယ္ ကေလးငယ္မ်ား အတြက္ သင့္ေလွ်ာ္သည့္ ေဘာလံုးေလ့က်င့္ခန္းမ်ား အျပင္ ကေလးမ်ား၏ စုေပါင္းေဆာင္ရြက္ႏိုင္စြမ္း၊ မိမိကိုယ္ကို အားကိုးႏိုင္စြမ္းမ်ား ျမင့္တက္လာေစႏိုင္မည့္ သင္ခန္းစာမ်ားကို ကေလးမ်ားအား ျပန္လည္ သင္ၾကားႏိုင္ရန္ ပို႔ခ်သြားမည္ ျဖစ္သည္။ ယင္းနည္းျပမ်ား အေနျဖင့္ လာမည့္ စက္တင္ဘာ ၁ ရက္တြင္ ေတာင္ႀကီးၿမိဳ႕ ျပည္နယ္ အားကစားကြင္း၌ က်င္းပျပဳလုပ္သြားမည့္ MFF-MPT Grassroots Football Festival 2019 (Taunggyi Zone) တြင္ တက္ေရာက္လာသည့္ ကေလးငယ္မ်ားကို သင္ၾကားမႈမ်ား ျပဳလုပ္သြားရမည္ ျဖစ္သည္။