အမှတ်‌ပေးဇယားထိပ်က အသင်းများ ထိပ်တိုက်တွေ့ဆုံနေသည့် မြန်မာနေရှင်နယ်လိဂ် (Week-16) ပွဲစဉ်များ

January 17, 2025

Myanmar National League 2024-25 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-16) ပွဲစဉ်များကို ဇန်နဝါရီ ၁၇ ရက်(ယနေ့)တွင် စတင်ကျင်းပမည်ဖြစ်သည်။ ယခုတစ်ပတ်တွင် အမှတ်ပေးဇယား အဆင့် ၃ နေရာမှ ရန်ကုန်ယူနိုက်တက်အသင်းနှင့် အဆင့် ၁ နေရာမှ ရှမ်းယူနိုက်တက်အသင်း၊ အဆင့် ၄ နေရာမှ ဒဂုံစတားယူနိုက်တက်အသင်းနှင့် အဆင့် ၂ နေရာမှ ဟံသာဝတီယူနိုက်တက်အသင်း စသည့် အသင်းများ ထိပ်တိုက်တွေ့ဆုံနေသည်။

အစောပိုင်းပွဲစဉ်အဖြစ် ဒဂုံပေါ့အသင်းနှင့် မဟာယူနိုက်တက်အသင်းတို့သည် ဇန်နဝါရီ ၁၇ ရက်(ယနေ့) ညနေ (၄၀၀) သုဝဏ္ဏကွင်းတွင် စတင်ကစားမည်ဖြစ်သည်။

Myanmar National League 2024-25 (Week-16 ) ပွဲစဉ်များ

17-1-25  Dagon Port vs Mahar Utd  (16:00) Thuwunna

18-1-25  Rakhine Utd vs Yadanarbon (16:00) Thuwunna

18-1-25  Yangon Utd vs Shan Utd (15:30) YUSC

19-1-25  ISPE vs Myawady (16:00) Thuwunna

20-1-25  Ayeyawady Utd vs Thitsar Arman (15:30)YUSC

21-1-25  Dagon Star Utd vs Hantharwady Utd (15:30) YUSC