ဧရာဝတီယူနိုက်တက်ကို ပထမအကျော့ ရှုံးကြွေး  ပြန်ဆပ်ခဲ့သည့် သစ္စာအားမာန်

January 22, 2025

ဇန်နဝါရီ ၂၀ ရက်၊ ညနေ (၃၃၀) YUSC ကွင်းတွင် ဧရာဝတီယူနိုက်တက် အသင်းနှင့် သစ္စာအားမာန်အသင်းတို့ ကစားခဲ့ကြပြီး သစ္စာအားမာန်အသင်းက တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။

သစ္စာအားမာန်အသင်းအတွက် အနိုင်ဂိုးကို ပွဲချိန် ၅၉ မိနစ်တွင် နိုင်ဝင်းထွန်းက သွင်းယူပေးခဲ့သည်။ သစ္စာအားမာန်အသင်းသည် ယနေ့ပွဲတွင် နိုင်ပွဲရခဲ့သည့် အတွက် ရမှတ် ၁၄ မှတ်ဖြင့် အဆင့် ၉ တွင် ဆက်လက်ရပ်တည်ခဲ့သည်။