Myanmar National League 2024-25 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-16) ဧရာဝတီယူနိုက်တက် ၀-၁ သစ္စာအားမာန်ပွဲစဉ်၏ AYA Pay Man of The Match အကောင်းဆုံးကစားသမားဆုကို သစ္စာအားမာန်အသင်း နောက်ခံလူ စောထူးဖွယ်မှူးက ရရှိခဲ့သည်။
ဇန်နဝါရီ ၂၀ ရက်၊ ယနေ့ညနေပိုင်းက ရန်ကုန်ယူနိုက်တက် မြက်ခင်းတုကွင်း၌ ကျင်းပခဲ့သည့် ယင်းပွဲစဉ်တွင် သစ္စာအားမာန်အသင်းက လူစားဝင် တိုက်စစ်မှူး နိုင်ဝင်းထွန်း၏ သွင်းဂိုးတစ်ဂိုးဖြင့် နိုင်ပွဲရရှိခဲ့သည်။
စောထူးဖွယ်မှူးအနေဖြင့် ယနေ့ပွဲတွင် ဧရာဝတီယူနိုက်တက်အသင်း၏ တိုက်စစ်ဆင်မှုများကို
အကောင်းဆုံးတားဆီးနိုင်ခဲ့သည့်အပြင် အသင်းခေါင်းဆောင်တစ်ဦးပီပီ အသင်းအား ဦးဆောင်ကစားနိုင်ခဲ့သည့်အတွက် AYA Pay Man of the Match အထိမ်းအမှတ်ဆုတံဆိပ်နှင့်အတူ ဆုငွေကျပ်သုံးသိန်း လက်ခံရရှိခဲ့ခြင်းဖြစ်သည်။
အဆိုပါဆုများကို မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကြီးကြပ် ဦးရဲနိုင်ဦးက ချီးမြှင့်ပေးခဲ့သည်။
AYA Pay Man of the Match အကောင်းဆုံးကစားသမားဆု ချီးမြှင့်ခြင်း အစီအစဉ်ကို မြန်မာနေရှင်နယ်လိဂ်၏ Payment Partner ဖြစ်သည့် AYA Pay မှ အဓိက ပံ့ပိုးကူညီပေးထားသည်။
