ယနေ့ ညနေက သုဝဏ္ဏကွင်း၌ မဟာယူနိုက်တက်အသင်းနှင့် ရတနာပုံအသင်းတို့ ကစားခဲ့ကြပြီး မဟာယူနိုက်တက်အသင်းက ၂-၀ ဂိုးဖြင့် အနိုင်ရခဲ့သည်။

မဟာယူနိုက်တက်အသင်းသည် ပွဲချိန် ၁၆ မိနစ်တွင် ဦးဆောင်ဂိုးစတင်ရခဲ့ပြီး တိုက်စစ်မှူး ပက်ထရစ်က ခေါင်းတိုက်သွင်းခဲ့သည်။ ရတနာပုံအသင်းသည် ယနေ့ ပထမပိုင်းတွင် ကစားပုံမကောင်းခဲ့ဘဲ မဟာယူနိုက်တက်အသင်းက ကစားပုံကောင်းခဲ့သည်။
ဒုတိယပိုင်းတွင်လည်း မဟာယူနိုက်တက်က ပွဲချိန် ၅၉ မိနစ်တွင် ဒုတိယဦးဆောင်ဂိုးရခဲ့ပြီး တိုက်စစ်မှူး ပက်ထရစ်က ထပ်မံသွင်းပေးခဲ့သည်။ ပွဲအပြီးတွင် မဟာယူနိုက်တက်အသင်းက ရတနာပုံအသင်းကို ၂-၀ ဂိုးဖြင့် အနိုင်ရခဲ့သည်။
ယနေ့ပွဲ အနိုင်ရသည့် မဟာယူနိုက်တက်အသင်းသည် ရမှတ် ၂၆ မှတ်ဖြင့် အဆင့် ၆ သို့ တက်ရောက်ခဲ့ပြီး ရှုံးနိမ့်ခဲ့သည့် ရတနာပုံအသင်းသည် ရမှတ် ၂၅ မှတ်ဖြင့် အဆင့် ၇ သို့ ဆင်းပေးခဲ့ရသည်။
