မဟာယူနိုက်တက်နှင့်ရတနာပုံပွဲမတိုင်မီ အံ့မော်ဦးအတွက် ဝမ်းနည်းခြင်းတစ်မိနစ်ငြိမ်သက်

February 4, 2025

မြန်မာ့လက်ရွေးစင်လူငယ် ကစားသမားဟောင်း၊ ရတနာပုံအသင်း ကစားသမားဟောင်း၊ လက်ရှိဒဂုံပေါ့အသင်း ကစားသမားတစ်ဦးဖြစ်သည့် အံ့မော်ဦးသည် ၂၉-၁-၂၀၂၅ တွင် ကွယ်လွန်ခဲ့ပါသည်။ အံ့မော်ဦးအား ရည်ရွယ်ကာ ယနေ့ ညနေက သုဝဏ္ဏကွင်း၌ ကစား ခဲ့သည့် မဟာယူနိုက်တက်အသင်းနှင့် ရတနာပုံအသင်းတို့ပွဲစဉ် မစတင်မီတွင် ဝမ်းနည်း ခြင်း တစ်မိနစ် ငြိမ်သက်ခြင်းကို ပြုလုပ်ခဲ့ကြသည်။