Myanmar National League 2024-25 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-18) ပွဲစဉ် တစ်ပွဲ အဖြစ် ဖေဖော်ဝါရီ ၃ ရက်(ယနေ့)၊ ညနေက သုဝဏ္ဏကွင်း၌ မဟာယူနိုက်တက် အသင်းနှင့် ရတနာပုံအသင်းတို့ ကစားခဲ့ကြပြီး ယင်းပွဲတွင် AYA Pay Man of The Match အကောင်းဆုံးကစားသမားဆုကို မဟာယူနိုက်တက်နောက်ခံလူခန့်ဇင်ဟိန်းက ရရှိခဲ့ သည်။

မဟာယူနိုက်တက်အသင်းနှင့် ရတနာပုံအသင်းတို့ ပွဲတွင် မဟာယူနိုက်တက်အသင်းက ၂-၀ ဂိုးဖြင့် အနိုင်ရခဲ့သည်။ ယနေ့ပွဲတွင် မဟာယူနိုက်တက်အသင်းမှ ခန့်ဇင်ဟိန်းသည် ခြေစွမ်းသိသာပေါ်လွင်ခဲ့သည့် အတွက် AYA Pay မှ ချီးမြှင့်သည့် AYA Pay Man of the Match အကောင်းဆုံး ကစားသမားဆုကို ရရှိ ခဲ့ခြင်းဖြစ်သည်။
ခန့်ဇင်ဟိန်းသည် အကောင်းဆုံးကစားသမားဆုတံဆိပ်နှင့်အတူ ဆုငွေကျပ် သုံးသိန်း ရရှိခဲ့ပြီး ဆုတံဆိပ်နှင့် ဆုငွေကျပ်တို့ကို မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်က ချီးမြှင့်ပေးခဲ့သည်။
Man of the Match အကောင်းဆုံးကစားသမားဆု ချီးမြှင့်ခြင်းအစီအစဉ်ကို မြန်မာ နေရှင်နယ်လိဂ်၏ Payment Partner ဖြစ်သည့် AYA Pay မှ အဓိက ပံ့ပိုးကူညီပေးထား ခြင်းဖြစ်သည်။
