ယနေ့ ညနေက YUSC ကွင်း၌ ကစားခဲ့သည့် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ရတနာပုံအသင်းတို့ပွဲစဉ်သည် တစ်ဂိုးစီ သရေကျခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်းအတွက် ဂိုးကို ပွဲချိန် ၄၅+၁ မိနစ်တွင် ဉာဏ်လင်းထက်က သွင်းယူပေးခဲ့ပြီး ရတနာပုံအသင်း အတွက် ချေပဂိုးကို ပွဲချိန် ၆၄ မိနစ်တွင် အာကာက သွင်းယူပေးခဲ့သည်။
