ဟံသာဝတီယူနိုက်တက်ကို အနိုင်ယူကာ နှစ်ပွဲဆက် နိုင်ပွဲ ရခဲ့သည့် ဧရာဝတီယူနိုက်တက်

February 11, 2025

ယနေ့ ညနေက သုဝဏ္ဏကွင်း၌ ဟံသာဝတီယူနိုက်တက်အသင်းနှင့် ဧရာဝတီယူနိုက်တက် အသင်းတို့ ကစားခဲ့ကြပြီး ဧရာဝတီယူနိုက်တက်အသင်းက နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့ သည်။

ပွဲချိန် ၄ မိနစ်တွင် ဟံသာဝတီယူနိုက်တက် ဂိုးသမား ပြည့်ဖြိုးအောင်သည် လူကျွံ ထောင် ချောက်မှ ဖြတ်ကျော်လာသည့် ဧရာဝတီယူနိုက်တက် တိုက်စစ်မှူး ညီညီအောင်ကို ကစားပုံကြမ်းခဲ့သည့်အတွက် ဒိုင်လူကြီးမှ တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ခဲ့သည်။ ပွဲချိန် ၁၀ မိနစ်တွင် ဧရာဝတီယူနိုက်တက်မှ ဦးဆောင်ဂိုးစတင်ရခဲ့ပြီး ညီညီအောင်က သွင်းယူ ပေးခဲ့သည်။ ပထမပိုင်းတွင် ဟံသာဝတီယူနိုက်တက်အသင်းမှ ချေပဂိုးရနိုင်မည့် အခွင့် အရေးအချို့ရခဲ့သော်လည်း ဂိုးအဖြစ် မပြောင်းနိုင်သည့်အတွက် ဧရာဝတီယူနိုက်တက် အသင်းက တစ်ဂိုး ဂိုးမရှိဖြင့် ဦးဆောင်ခဲ့သည်။

ဒုတိယပိုင်း ပွဲချိန် ၅၁ မိနစ်တွင် ဧရာဝတီယူနိုက်တက်မှ ဒုတိယဦးဆောင်ဂိုးရခဲ့ပြီး ရာဇာအောင်က ခေါင်းတိုက်သွင်းပေးခဲ့သည်။ ဟံသာဝတီယူနိုက်တက်အသင်းသည် လက်ကျန် မိနစ်များတွင် ချေပဂိုးများ ပြန်လည်မသွင်းနိုင်သည့်အတွက် ဧရာဝတီယူနိုက် တက်အသင်းက နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရသွားခဲ့သည်။

ဧရာဝတီယူနိုက်တက်အသင်းသည် ယနေ့နိုင်ပွဲကြောင့် ရမှတ် ၁၇ မှတ် ရရှိလာခဲ့ပြီး အမှတ်ပေးဇယား အဆင့် ၉ သို့ တက်လှမ်းနိုင်ခဲ့သည်။ ယနေ့ပွဲတွင် ရှုံးခဲ့သည့် ဟံသာ ဝတီယူနိုက်တက်အသင်းသည် ရမှတ် ၄၀ မှတ်ဖြင့် အဆင့် ၃ တွင် ယာယီရပ် တည် လျက်ရှိသည်။ ဟံသာဝတီယူနိုက်တက်အသင်းသည် ပြီးခဲ့သည့်တစ်ပတ်တွင် သစ္စာ အားမာန်အသင်းကို ရှုံးထားပြီး ယနေ့တွင် ဧရာဝတီယူနိုက်တက်အသင်းကို ထပ်မံရှုံးခဲ့ သည့် အတွက် နှစ်ပွဲဆက် ရှုံးပွဲကြုံတွေ့ခဲ့ခြင်းဖြစ်သည်။