ဧရာဝတီယူနိုက်တက် တိုက်စစ်မှူး ရာဇာအောင် AYA Pay အကောင်းဆုံးဆု ရရှိ

February 11, 2025

Myanmar National League 2024-25 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-19) ပွဲစဉ် တစ်ပွဲ အဖြစ် ဖေဖော်ဝါရီ ၈ ရက်(ယနေ့)၊ ညနေက သုဝဏ္ဏကွင်း၌ ဟံသာဝတီယူနိုက် တက်အသင်းနှင့် ဧရာဝတီယူနိုက်တက်အသင်းတို့ ကစားခဲ့ကြပြီး ယင်းပွဲတွင် AYA Pay Man of The Match အကောင်းဆုံးကစားသမားဆုကို ဧရာဝတီယူနိုက်တက် တိုက်စစ် မှူးရာဇာအောင်က ရရှိခဲ့သည်။

ဟံသာဝတီယူနိုက်တက်အသင်းနှင့် ဧရာဝတီယူနိုက်တက်အသင်းတို့ ပွဲတွင် ဧရာဝတီ ယူနိုက်တက်အသင်းက နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ယနေ့ပွဲတွင် ဧရာဝတီယူနိုက် တက် တိုက်စစ်မှူးရာဇာအောင်(ကျောနံပါတ်-၁၁)သည် ခြေစွမ်းပြနိုင်ခဲ့ပြီး အသင်း အတွက် သွင်းဂိုးတစ်ဂိုးကိုလည်း သွင်းယူပေးခဲ့သည့်အတွက် AYA Pay မှ ချီးမြှင့်သည့် AYA Pay Man of the Match အကောင်းဆုံး ကစားသမားဆုကို ရရှိ ခဲ့ခြင်းဖြစ်သည်။

ရာဇာအောင်သည် အကောင်းဆုံးကစားသမားဆုတံဆိပ်နှင့်အတူ ဆုငွေကျပ် သုံးသိန်း ရရှိခဲ့ပြီး ဆုတံဆိပ်နှင့် ဆုငွေကျပ်တို့ကို အာရှလက်ရွေးစင်နှင့် မြန်မာ့လက်ရွေးစင် ဂိုး သမားဟောင်း ဦးတင်အောင်က ချီးမြှင့်ပေးခဲ့သည်။

Man of the Match အကောင်းဆုံးကစားသမားဆု ချီးမြှင့်ခြင်းအစီအစဉ်ကို မြန်မာ နေရှင်နယ်လိဂ်၏ Payment Partner ဖြစ်သည့် AYA Pay မှ အဓိက ပံ့ပိုးကူညီပေးထား ခြင်းဖြစ်သည်။