ISPE အသင်းနှင့် ဟံသာဝတီယူနိုက်တက် ဂိုးမရှိသရေကျ

February 17, 2025

ဖေဖော်ဝါရီ ၁၆ ရက်က သုဝဏ္ဏကွင်း၌ ကစားခဲ့သည့် ISPE အသင်းနှင့် ဟံသာဝတီယူနိုက်တက်အသင်းတို့ပွဲစဉ်သည် ဂိုးမရှိ သရေကျခဲ့သည်။

ယင်းပွဲတွင် နှစ်သင်းစလုံးမှ ဂိုးရရှိမည့်အခွင့်အရေး ကိုယ်စီ ရရှိခဲ့ကြသော်လည်း ဂိုးအဖြစ် မပြောင်းလဲ နိုင်ခဲ့သည့်အတွက် ဂိုးမရှိ သရေဖြင့် ပြီးဆုံးခဲ့ခြင်းဖြစ်သည်။ ဟံသာဝတီယူနိုက်တက်အသင်းသည် ပွဲစဉ် ၂၀ ပွဲကစားအပြီးတွင် ၁၂ ပွဲနိုင်၊ ငါးပွဲ သရေ ၊ သုံးပွဲရှုံး ရမှတ် ၄၁ မှတ်ဖြင့် အဆင့် ၃ တွင် ရပ်တည်နေသည်။ ISPE အသင်းသည် ပွဲစဉ် ၂၀ ပွဲကစားအပြီးတွင် ရှစ်ပွဲနိုင်၊ ငါးပွဲ သရေ၊ ခုနစ်ပွဲရှုံး ရမှတ် ၂၉ မှတ်ဖြင့် အဆင့် ၆ တွင် ရပ်တည်နေသည်။